
0
424






>>>>>>>>>>>>>>>>>>>>>>>>>>>

ရာသီကြိုခြေစမ်းပွဲရလဒ်တွေကိုအများကြီး မမျှော်လင့်ထားဖို့ ထုတ်ဖော်သတိပေးလိုက်တဲ့ မော်ရင်ဟို

မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟို က ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲများ ကစားမှာဖြစ်ရာ အဲဒီ ခြေစမ်းပွဲတွေအတွင်း ရလဒ်ကောင်းဖို့တော့ မဖြစ်နိုင်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ အမေရိကန် ရာသီကြို ခြေစမ်းပွဲ ပထမပွဲစဉ် အဖြစ် ကလပ် အမေရိက အသင်းနဲ့ ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ဟာ အမေရိကန် မှာခြေစွမ်းပွဲစုစုပေါင်း ၅ ပွဲကစားဖို့ စီစဉ်ထားပြီး လက်ရှိမှာ လက်ကျန်ပွဲ ၄ ပွဲသာ ကစားရတော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ရဲ့ အမေရိကန်ခြေစမ်းပွဲ ပထမဆုံးကစားပွဲမှာ ဗီဇာ ပြဿနာကြောင့် မလိုက်လာနိုင်တဲ့ ဆန်းချက်ဇ် အပါအဝင် ကမ္ဘာ့ဖလားမှာ သွားရောက် ကစားနေတဲ့ ကစားသမားတွေလည်း မပါဝင်ဘဲနဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်း နည်းပြမော်ရင်ဟို ကဆန်ဂျို့စ်အက်ကွေ့၊ အေစီမီလန်၊ လီဗာပူးလ် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်း တို့ဟာ ပြင်ဆင်မှု အားကောင်းနေတယ်လို့ပြောခဲ့ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)