ISIS ခေါင်းဆောင်သစ်ကို အီရတ်မှာ ဖမ်းမိ

0
382

ISIS အစ္စလာမ် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်သစ် အဗ္ဗဒူနက်ဆာ အယ်လ်-ကာဒက်ရှ် အီရတ်နိုင်ငံထဲမှာ အထူးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့မှာ ရာဇဝတ်သား အယ်လ်-ဘဂ်ဒါဒီကို ဆက်ခံဖို့ ရွေးချယ်ထားသူ အဗ္ဗဒူနက်ဆာ အယ်လ်-ကာဒက်ရှ် အမည်ရှိ အကြမ်းဖက်သမားကို ဖမ်းဆီးရမိကြောင်း၊ တိကျတဲ့ ထောက်လှမ်းရေး သတင်းအရ ဖမ်းမိတာ ဖြစ်ကြောင်း အီရတ် အမျိုးသားထောက်လှမ်းရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်နဲ့အတူ ဖလန်နယ် ရှပ်အကျႌဝတ်ထားတဲ့ အယ်လ်-ကာဒက်ရှ်ရဲ့ ဓာတ်ပုံကိုလည်း ပူးတွဲဖော်ပြထားပါတယ်။ မနှစ်က အမေရိကန်တပ်ဖွဲ့တွေ ဦးဆောင်စီးနင်းမှုအတွင်း သူ့ကိုယ်သူ သတ်သေသွားတဲ့ ISIS ခေါင်းဆောင် အဘူ ဘာကာ အယ်လ်-ဘဂ်ဒါဒီနေရာမှာ ဆက်ခံမယ့်သူဟာ အယ်လ်-ကာဒက်ရှ် ဖြစ်ပါတယ်။

အယ်လ်-ကာဒက်ရှ်ဟာ သေဆုံးသူ ဆက်ဒမ်ဟူစိန်ရဲ့ စစ်တပ်က အရာရှိဟောင်းဖြစ်ပြီး မနှစ်က သြဂုတ်လမှာ အယ်လ်-ကာဒက်ရှ်ကို ISIS အဖွဲ့ရဲ့ မွတ်စလင်ရေးရာ ခေါင်းဆောင်အဖြစ် တင်မြောက်ထားတာ ဖြစ်ပါတယ်။ ISIS အစ္စလာမ် အကြမ်းဖက်အဖွဲ့ဝင်တွေဟာ နှိမ်နင်းခံနေရပေမယ့်လည်း အဖွဲ့ဝင်အင်အား ၁၄၀၀၀ ကနေ ၁၈၀၀၀ အထိ ရှိနေဆဲဖြစ်တယ်လို့ မကြာသေးခင်က အမေရိကန်ရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

__________________

__________________

ISIS ခေါင်းဆောင်သစ်ကို အီရတ်မှာ ဖမ်းမိ

ISIS အစ္စလာမ် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်သစ် အဗ္ဗဒူနက်ဆာ အယ်လ်-ကာဒက်ရှ် အီရတ်နိုင်ငံထဲမှာ အထူးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ 

မေလ ၂၀ ရက်နေ့မှာ ရာဇဝတ်သား အယ်လ်-ဘဂ်ဒါဒီကို ဆက်ခံဖို့ ရွေးချယ်ထားသူ အဗ္ဗဒူနက်ဆာ အယ်လ်-ကာဒက်ရှ် အမည်ရှိ အကြမ်းဖက်သမားကို ဖမ်းဆီးရမိကြောင်း၊ တိကျတဲ့ ထောက်လှမ်းရေး သတင်းအရ ဖမ်းမိတာ ဖြစ်ကြောင်း အီရတ် အမျိုးသားထောက်လှမ်းရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်နဲ့အတူ ဖလန်နယ် ရှပ်အင်္ကျီဝတ်ထားတဲ့ အယ်လ်-ကာဒက်ရှ်ရဲ့ ဓာတ်ပုံကိုလည်း ပူးတွဲဖော်ပြထားပါတယ်။ မနှစ်က အမေရိကန်တပ်ဖွဲ့တွေ ဦးဆောင်စီးနင်းမှုအတွင်း သူ့ကိုယ်သူ သတ်သေသွားတဲ့ ISIS ခေါင်းဆောင် အဘူ ဘာကာ အယ်လ်-ဘဂ်ဒါဒီနေရာမှာ ဆက်ခံမယ့်သူဟာ အယ်လ်-ကာဒက်ရှ် ဖြစ်ပါတယ်။

အယ်လ်-ကာဒက်ရှ်ဟာ သေဆုံးသူ ဆက်ဒမ်ဟူစိန်ရဲ့ စစ်တပ်က အရာရှိဟောင်းဖြစ်ပြီး မနှစ်က သြဂုတ်လမှာ အယ်လ်-ကာဒက်ရှ်ကို ISIS အဖွဲ့ရဲ့ မွတ်စလင်ရေးရာ ခေါင်းဆောင်အဖြစ် တင်မြောက်ထားတာ ဖြစ်ပါတယ်။ ISIS အစ္စလာမ် အကြမ်းဖက်အဖွဲ့ဝင်တွေဟာ နှိမ်နင်းခံနေရပေမယ့်လည်း  အဖွဲ့ဝင်အင်အား ၁၄၀၀၀ ကနေ ၁၈၀၀၀ အထိ ရှိနေဆဲဖြစ်တယ်လို့ မကြာသေးခင်က အမေရိကန်ရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)