အီဂျစ်ဆရာဝန်တွေ PPE ဝတ်စုံနဲ့ စစ်ဆေးမှုတွေ ဆက်လုပ်ဖို့ တောင်းဆို၊ အစိုးရက လျစ်လျူ ရှု

0
246

အီဂျစ်အာဏာပိုင်တွေက ပြည်သူတွေအနေနဲ့ COVID-19 နဲ့ အတူယှဉ်တွဲနေထိုင်ရေး လေ့လာကြဖို့ တိုက်တွန်းနေချိန်မှာပဲ အီဂျစ် ဆရာဝန်တွေကလည်း အကာအကွယ် PPE ဝတ်စုံတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ် စစ်ဆေးမှုတွေ ဆက်လုပ်နိုင်ရေး ထောက်ပံ့ပေးဖို့ တောင်းဆိုနေကြပါတယ်။

အစိုးရကတော့ ဆရာဝန်တွေရဲ့ ဂျူတီကုတ်ကို အစွဲပြုပြီး ကျန်မာရေး ဝန်ထမ်းတွေကို “အဖြူရောင် စစ်တပ်” လို့ ဝါဒဖြန့်မှုတွေ လုပ်နေပါတယ်။ ဒါပေမယ့် ဆရာဝန်တွေကတော့ သူတို့မှာ အကာအကွယ် ဝတ်စုံတွေ နည်းနေပြီး သူတို့ကိုယ်တိုင်အတွက်ရော လူနာအတွက်ပါ စမ်းသပ် စစ်ဆေးပေးရေးတွေအတွက် ရုန်းကန်နေရတယ်လို့ ပြောပါတယ်။

“အခြေအနေတေကတော့ ပျက်စီးယိုယွင်းနေပါပြီ၊ သူနာပြုတွေ ဆရာဝန်တွေဟာ အလွန် ထိတ်လန့် ကြောက်ရွံ့နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အကာအကွယ်ပစ္စည်းတွေ မရှိကြတော့လို့ပါ” လို့ အီဂျစ်ရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဂီဇာမြို့၊ အမ်ဘာဘာရှိ ဆေးရုံတစ်ရုံက သူနာပြုတစ်ဦးက ပြောပါတယ်။

အစိုးရက သူတို့ကို လူနာတွေလိုပဲ ဆက်ဆံကြောင်း၊ သူတို့ ကျန်းမာရေး ဝန်ထမ်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ ပြလာရင် အိမ်ပြပြီး quarantine နေခိုင်းကြောင်း၊ ဆေးစစ်ပေးတာတွေ လုပ်မပေးကြောင်းလည်း သူက ပြောပါတယ်။

Quarantine ထားတဲ့ ဆေးရုံတွေ လူပြည့်နေပြီဖြစ်ကြောင်း၊ ဗိုင်းရပ်စ် ကူးစက်လာတဲ့ လူတွေကို အဝေးကို ထွက်သွားခိုင်းတဲ့အတွက် ဆရာဝန်တွေက လူမှုကွန်ရက် မီဒီယာတွေမှာ စောဒက တက်နေကြကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပါလီမန် ကော်မတီကို မေလ အစောပိုင်းမှာ တင်ပြခဲ့ပါတယ်။

အီဂျစ်နိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁၄၂၂၉ ဦး၊ သေဆုံးသူ ၆၈၀ ဦး ရှိပါတယ်။ မေလ ၂၀ ရက်နေ့မှာ COVID-19 ရောဂါ အသစ် ကူးစက်သူ ၇၄၅ ဦး ရှိပါတယ်။ အီဂျစ်မှာ COVID-19 ရောဂါ ကူးစက်ခံရသူတွေရဲ့ ၁၃ ရာခိုင်နှုန်းဟာ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

_________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)