ကမ္ဘောဒီးယားက ခြောက်နိုင်ငံရဲ့ ပြည်ဝင်ခွင့်ကို ဖွင့်ပေးမယ်

0
331

COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်လို့ နိုင်ငံ ခြောက်နိုင်ငံက လာရောက်မယ့်သူတွေကို ပြည်ဝင်ခွင့် ဖွင့်ပေးမယ်လို့ ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီးဌာနက မေလ ၂၀ ရက်နေ့မှာ ကြေညာပါတယ်။ ကမ္ဘောဒီယားက အီရန်၊ အီတလီ၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်နဲ့ အမေရိကန်တို့က လာရောက်မယ့်သူတွေကို ပိတ်ပင်ထားမှု ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

လာရောက်မယ့် နိုင်ငံခြားသားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိကြောင်း ၇၂ နာရီအတွင်း စစ်ဆေးထားတဲ့ ကျန်းမာရေး ထောက်ခံချက်နဲ့ ကမ္ဘောဒီးယားမှာ နေထိုင်စဉ်အတွင်း အမေရိကန် ဒေါ်လာ ၅ သောင်းတန် ကျန်းမာရေး အာမခံထားရမှာ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကမ္ဘောဒီယားကို ရောက်ရင်လည်း အစိုးရက စီစဉ်ပေးထားတဲ့ နေရာမှာ quarantine ၁၄ ရက် နေရမှာဖြစ်ပြီး ဗိုင်းရပ်စ် စစ်ဆေးမှုကိုလည်း ခံရမှာ ဖြစ်တယ်လို့ ပြောပေမယ့် quarantine ကို ဘယ်မှာ ထားမယ်ဆိုတာတော့ မဖော်ပြပါဘူး။

COVID-19 နောက်ဆုံးလူနာဟာ ပျောက်ကင်းသက်သာသွားလို့ မေလ ၁၆ ရက်နေ့က ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီးနောက် ကမ္ဘောဒီးယားမှာ ကိုရိုနာဗိုင်းရပ်စ်လူနာ တစ်ဦးမှ မရှိတော့ဘူး zero cases လို့ ကျန်းမာရေးဝန်ကြီး မမ် ဘွန်ဟန်က ပြောပါတယ်။
ပြတိုက်တွေ ပြန်ဖွင့်ဖို့ကိုလည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သဘောတူကြောင်း ယဉ်ကျေးမှုဝန်ကြီး ဖိုရန် ဆက်ကိုနာဆီ မေလ ၁၉ ရက်နေ့က အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးက အတည်ပြုပါတယ်။

ကမ္ဘောဒီးယားမှာ COVID-19 ရောဂါ ကူးစက်ခဲ့သူ ၁၂၂ ဦး၊ ပြန်လည် သက်သာသူ ၁၂၂ ဦးနဲ့ သေဆုံးသူ မရှိဘူးလို့ အချက်အလက်တွေက ဖော်ပြပါတယ်။

_________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)