ဆိုင်ကလုန်း အန်ဖန်ကြောင့် အနောက်ဘင်္ဂေါမှာ လူ ၁၀ ဦးကျော် သေဆုံး၊ ရူပီး ၁ ထရီလီယံဖိုး ဆုံးရှုံး

0
1034

အလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်း မုန်တိုင်း အန်ဖန်ကြောင့် မေလ ၂၀ ရက်နေ့ မွဲလွဲပိုင်းက အနောက်ဘင်္ဂေါရှိ ဒီဂါနဲ့ ဘင်္ဂလားဒေ့ရှ်၊ ဟာတီယာကျွန်းစုကြားရှိ ဆန်ဒါဘန်းစ်မှာ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။

အိန္ဒိယ ကုန်းမကြီးနဲ့ ကျွန်းတွေကို ဆက်သွယ်ထားတဲ့ တံတားတွေလည်း ကျိုးပျက်ခဲ့ပြီး သစ်ပစ်တွေ အမြစ်က ကျွတ်ထွက်ကာ ဓာတ်တိုင်တွေ ပြိုလဲလို့ အနောက် ဘင်္ဂေါပြည်နယ်ရဲ့ မြို့တော် ကိုလ်ကတ္တားနဲ့ ဘင်္ဂေါ တောင်ပိုင်းမှာ ခြောက်နာရီခွဲကြာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

လေတိုက်နှုန်းဟာ တစ်နာရီကို ၁၈၅ ကီလိုမီတာ ရှိခဲ့ပြီး အနောက်ဘင်္ဂေါမှာ လူအနည်းဆုံး ၁၀ ဦးကနေ ၁၂ ဦးအထိ သေဆုံးကာ နေအိမ် ၅၅၀၀ ပျက်စီးပါတယ်။

အနောက်ဘင်္ဂေါ ပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘန်နာဂျီးက အန်ဖန်ရဲ့ သက်ရောက်မှုဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထက် ပိုဆိုးကြောင်း၊ ဆိုင်ကလုန်းကြောင့် ဒေသတွင်းမှာ ရူပီးငွေ ၁ ထရီလီယံ တန်ဖိုးအထိ ဆုံးရှုံးကြောင်း၊ ဒိစတြိတ် နှစ်ခုဟာ လုံးဝ ပျက်စီးသွားပြီး နှစ်များစွာအတွင်း အပြင်းထန်ဆုံး ဆိုင်ကလုန်း မုန်တိုင်းဖြစ်ကြောင်း ပြောပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူ ၅ သိန်းဟာ အနောက်ဘင်္ဂေါမှာ ပြောင်းရွှေ့ ခိုလှုံနေရပြီး လူ ၁ သိန်းကတော့ သြဒိသျှပြည်နယ်မှာ မုန်တိုင်းရှောင် ခိုလှုံနေရပါတယ်။

မိုးတွေ ဆက်ရွာနေတဲ့အတွက် မုန်တိုင်းဒဏ် အခံရဆုံးနေရာတွေက ထိခိုက်ပျက်စီးမှုတွေကို မသိရသေးကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ် မစ္စ မာမာတာ က ပြောပါတယ်။ ဖက်ဒရယ် အစိုးရကတော့ မေလ ၂၁ ရက် ဒီနေ့ကျမှသာ ပျက်စီးဆုံးရှုံးမှုတွေကို လေ့လာနိုင်လိမ့်မယ်လို့ ပြောပါတယ်။ COVID-19 ကြောင့် အနောက် ဘင်္ဂေါပြည်နယ်မှာ လူ ၂၅၀ သေဆုံးခဲ့ပြီး အခု ဆိုင်ကလုန်း အန်ဖန်က ကိုရိုနာဗိုင်းရပ်စ်ထက် ပိုဆိုးတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် မာမာတာက ပြောပါတယ်။

အခု ပြင်းထန်လှတဲ့ ဆိုင်ကလုန်း အန်ဖန်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အနောက် ဘင်္ဂေါကနေ မြောက်နဲ့ အရှေ့မြောက်ဘက်ဆီ တစ်နာရီ ၃၀ ကီလိုမီတာနဲ့ ရွေ့လျားနေပါတယ်။

___________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)