ကီလို ၅၀၀ ရှိသူ အီဂျစ်အမျိုးသမီး အိန္ဒိယနိုင်ငံမှာ ခွဲစိတ်မှုပြုလုပ်

0
254

ကမ္ဘာပေါ်မှာ အ၀ဆုံးအမျိုးသမီးလို့ ယူဆရတဲ့ အီဂျစ်အမျိုးသမီးတစ်ဦးကို အိန္ဒိယဆေးရုံက ခွဲစိတ်ကုသပေးခဲ့တာကြောင့် ကိုယ်အလေးချိန် ပေါင် ၅၅၀ လျှော့ချနိုင်ခဲ့ပါတယ်။

အီမန်အက်ဒ်အဲလ်တီဆိုသူ အဆိုပါအမျိုးသမီးဟာ နဂိုက ကိုယ်အလေးချိန် ၅၀၀ ကီလိုဂရမ်ရှိပြီး အ၀လွန်နေတာကြောင့် နေအိမ်ကနေ ဘယ်မှ မသွားလာနိုင်တာ ၂၅ နှစ်ရှိကြာခဲ့ပါပြီ။

မစ္စအက်ဒ်အဲလ်တီဟာ ပြီးခဲ့တဲ့နှစ်လခန့်က မွမ်ဘိုင်းမြို့က ဆိုင်ဖီးဆေးရုံမှာ ကိုယ်အလေးချိန်လျော့ချမှု ခွဲစိတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးနောက် လူနာအမျိုးသမီးဟာ လက်တွန်းလှည်းပေါ်မှာ အချိန်ကြာကြာ ထိုင်နိုင်ပြီဖြစ်ကြောင်း ဆေးရုံရဲ့တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ ကလေးဘ၀မှာ လေဖြတ်ခဲ့ပြီး စကားပြောခက်ခဲတာနဲ့ အစားအစာမြိုချတာ ခက်ခဲတာတွေ ကြုံတွေ့ခဲ့ရ ကြောင်းသိရှိရပါတယ်။ လက်ရှိအချိန်မှာ ကိုယ်အလေးချိန်ဆက်လျှော့ချပြီးမှ ကွန်ပျူတာဓါတ်ရိုက်ပြီး လေဖြတ်ရခြင်းရဲ့အကြောင်း ရင်းကို ရှာဖွေသွားမှာဖြစ်ကြောင်း အိန္ဒိယဆရာဝန်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)