အကြမ်းဖက်ဝါဒကို ဂီတနဲ့အံတုခဲ့သူ မိုဆူးလ်ကို ပြန်ရောက်

0
255

အိုင်အက်စ်တွေ အီရတ်မြို့မိုဆူးလ်ကို သုံးနှစ်နီးပါးသိမ်းပိုက်ထားခဲ့ပြီးနောက် ဂီတသမား အာမင်မှုဒက်ဒ်ဟာ ပထမဆုံးအကြိမ် အများပြည်သူရှေ့မှောက်မှာ ဖြေဖျော်ပွဲပြုလုပ်ခဲ့ပါတယ်။

အသက်၂၈ နှစ်အရွယ် အာမင်မှုဒက်ဒ်ဟာ မွတ်စလင်နဲ့ ခရစ္စယာန်ဘာသာ ၀င်တွေအားလုံးကို ပုန်းအောင်းနေတဲ့ လျှို့ဝှက်နေအိမ်တစ်လုံးမှာ ဂီတနဲ့ဖြေဖျော် ခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့တူရိယာကို အကြမ်းဖက်သမားတွေက သိမ်းယူသွားခဲ့ပါတယ်။

အိုင်အက်စ်တွေက မိုဆူးလ်မြို့အရှေ့ပိုင်းကို တိုက်စစ်ဆင်လာချိန်မှာ ဘဂ္ဂဒက်မြို့ကို သူထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့က မိုဆူးလ်မြို့ကို သူပြန်ရောက်လာခဲ့ပြီး ဖြေဖျော်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ခြောက်လကြာ တိုက်ပွဲအပြီးမှာ အီရတ်တပ်ဖွဲ့တွေက မြို့ ရဲ့အစိတ်အပိုင်းအများစုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အာမင်ရဲ့ဂီတဖန်တီးမှုကို လူ ၂၀ခ န့် လာရောက်အားပေးခဲ့ကြပါတယ်။ ဂီတပွဲအစီအစဉ်ကြည့်နေချိန်မှာ မိုဆူးလ်မြို့အနောက်ပိုင်း ဆီက သေနတ်သံနဲ့ ဗုံးပေါက်ကွဲသံတွေကို ကြားနေကြရပါတယ်။ အစ္စလာမ်မစ် အကြမ်းဖက်သမားတွေ စိုးမိုးထားချိန်က ဂီတနဲ့ အတူ ဂြိုလ်တုရုပ်သံလိုင်း၊ မိုလ်ဘိုင်းဖုန်း၊ စီးကရက်အပြင် အလှမွေးငှက်မွေးမြူတာတွေကိုတောင် ပိတ်ပင်ခဲ့ပါတယ်။ အင်မတန် ခြောက်ကပ်လှတဲ့စည်းကမ်းတွေကို မလိုက်နာသူတွေကို အများပြည်သူရှေ့မှာပဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။

သူရဲ့ဂီတပွဲ ကျင်းပခဲ့တဲ့နေရာဟာ ရှေးဟောင်းသုတေသန လေ့လာသူတွေအတွက် အရေးပါတဲ့နေရာတစ်ခုဖြစ်ပြီး အိုင်အက်စ်တွေက ၂၀၁၄ ခုနှစ်မှာ ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။ အာမင်ဟာ အိုင်အက်စ်တွေရဲ့ အငြိုး ထားသတ်ဖြတ်မှုခံရနိုင်ပေမယ့်လည်း ခေါင်းမာမာနဲ့ ဂီတကို ဆက်လက်ဖက်တွယ် ထားသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)