ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif ကို အဂိတိလိုက်စားမှုနဲ့ စစ်ဆေးဖို့ အမိန့်ထုတ်

0
248

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Nawaz Sharif ကို အဂတိလိုက်စားမှုနဲ့ စစ်ဆေးဖို့ ဧပြီလ ၂၀ ရက်နေ့က တရားရုံးက အမိန့် ထုတ်ပြန် လိုက်ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်အတွင်းက သူနဲ့ သူ့မိသားစုဟာ  ထောက်ခံသူတွေကြား အကျင့်ပျက် ချစားမှု တွေ ရှိခဲ့တယ်လို့  နာမည်ထွက်ပေါ်နေခဲ့တာဖြစ်ကြောင်း နဲ့ Panama Papers စာရွက်စာတမ်းတွေ ပေါက်ကြား ခဲ့မှုတွေကြောင့် သူ့ကို  ထောက်ခံခဲ့သူတွေရဲ့  ယုံကြည်မှုလျော့နည်း  သွားစေခဲ့ပါတယ်။

တရားရုံးချုပ်တရားသူကြီး  ၅  ဦးဟာလည်း  အခုကိစ္စအတွက် သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး တရားသူကြီး ၂ ဦးကတော့ ၀န်ကြီးချုပ်ကို ရိုးသားမှုမရှိကြောင်းနဲ့  ပြည်သူတွေအပေါ် မှန်ကန်မှုမရှိတဲ့ အပစ်ပေးသင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အတိုက်အခံပါတီခေါင်းဆောင် Imran Khan ကတော့ ၀န်ကြီးချုပ်ရာထူးကနေနှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လက်ရှိအခြေမှာတော့ သူကို အရေးယူဖို့ သက်သေအထာက်အထားခိုင်ခိုင်လုံလုံ မရှိသေးတဲ့အတွက် စစ်ဆေးမှုတွေကို ရက်ပေါင်း ၆၀ အတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုရလာဒ်တွေကို တင်ပြပေးရမယ်လို့ တရားရုံးက အမိန့် ထုတ်ပြန်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)