အိုင်အက်စ် သေနတ်သမားတစ်ဦး လက်ချက်ကြောင့် ပြင်သစ်ရဲတစ်ဦးသေဆုံး

0
308

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ Champs-Elysees လမ်းမကြီးပေါ်မှာ မနေ့က ဧပြီလ ၂၀ ရက်နေ့ညက တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ယောက်သေဆုံးခဲ့ပြီး၂ ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဲ့ဒီလမ်းမကြီးဟာ နိုင်ငံခြားသားခရီးသည်တွေသွားလာနေတဲ့ ကမ္ဘာကျော်လမ်းမကြီး တစ်ခုဖြစ်ပြီး ကားမောင်းနှင်လာတဲ့ ရဲတပ် ဖွဲ့ဝင်တွေကို သေနတ်သမားတစ်ဦးက ကားတစ်စီးထဲကနေ ထွက်လာပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာပဲဖြစ် တယ်လို့ မြင်တွေ့ခဲ့တဲ့ ဒေသခံ တစ်ဦးကပြော ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့အချိန်မှာတော့ အကြမ်းဖက်ပစ်ခတ်သူလည်း သေဆုံးသွားခဲ့ပါတယ်။ ဒီလိုအကြိမ်းဖက်တိုက်ခိုက်မှု ဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြင်သစ်သမ္မတ ဖရန့်ကိုစ့် ဟော်လန်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

အခုလို့ အကြမ်းဖက်တိုက်ခိုက်မှုဟာ လာမဲ့ ၂၃ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမဲ့ ပြင်သစ်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ထပ်လည်း ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ အိုင်အက်စ်အဖွဲဝင်တွေနဲ့ ဆက်စပ်နေတဲ့ သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကြပါတယ်။ ၂၀၁၅ -၂၀၁၆ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်တို်က်ခံခဲ့ရတဲ့ ပြည်သူပေါင်း ၂၃၀ လောက်ရှိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)