“ကမ္ဘာပေါ်မှာ နိုင်ငံသားတွေအတွက် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် နော်ဝေရပ်တည်နေ”

0
250

နော်ဝေဟာ ဒိန်းမတ်နိုင်ငံကို ကျော်တက်ပြီး ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံဖြစ်လာခဲ့ကြောင်း ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးမှုဆိုင်ရာကွန်ရက် (Sustainable Development Solutions Network – SDSN)ရဲ့ ထုတ်ပြန်ချက် အစီရင်ခံစာသစ်မှာ ဖော်ပြခဲ့တယ်။

ကမ္ဘာ့နိုင်ငံတွေက ၎င်းတို့ရဲ့နိုင်ငံသားတွေကို ဘ၀နေမှုတိုးတက်ရေးအတွက် လူမှုဆိုင်ရာယုံကြည်မှုနဲ့ ညီမျှမှုတို့ တည်ဆောက်ကြဖို့ အဆိုပါအစီရင်ခံစာက တိုက်တွန်းခဲ့ပါတယ်။

စကင်ဒီနေဗီးယန်းနိုင်ငံဖြစ်တဲ့ နော်ဝေဟာ ပြီးခဲ့တဲ့နှစ်က အဆင့် ၄မှာရပ်တည်ခဲ့ရာကနေ ဒီနှစ်မှာ အဆင့်၁ကို ခုန်ကျော်တက်နိုင် ခဲ့တာဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာလအတွင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြန်လည်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရမယ့် နော်ေ၀၀န်ကြီးချုပ်အဲလ်နာဆိုလ်ဘတ်ဂ်က ဒီရလဒ်ကို ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ပါတယ်။

“ နှစ်ပေါင်းများစွာတိုင်အောင် နော်ဝေဟာ ဒီအဆင့်သတ်မှတ်ချက်မှာ ဒိန်းမတ်နောက်မှာပဲ ရှိနေခဲ့ရတယ်။ နော်ဝေမှာ လုပ်ဖြစ်တဲ့ ညစာစားပွဲမိန့်ခွန်းအတော်များများမှာ ကျွန်မဒီအချက်ကိုပဲ အလေးအနက်ပြောဆိုခဲ့ပါတယ်။ အခုတော့ ပြောစရာခေါင်းစဉ်အသစ် ရှာရတော့မှာပါပဲ” လို့ ၀န်ကြီးချုပ်က သူမရဲ့ဖေ့ဘွတ်ခ်မှာ နော်ဝေဘာသာစကားနဲ့ ရေးသားခဲ့ပါတယ်။

“ ဒီလိုစာရင်းဇယားတွေအရ အပျော်ရွှင်ဆုံးနိုင်ငံလို့ ဖော်ပြပေမယ့်လည်း လူငယ်လေးတွေနဲ့ ကလေးတွေအတွက် စိတ်ကျန်းမာ ရေးကို ကျွန်မတို့ ဦးစားပေးပြီး ဆက်လုပ်ကြရပါလိမ့်မယ်၊ ရုန်းကန်နေရတဲ့သူတွေ အများကြီးရှိနေပါသေးတယ်” လို့ သူမက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

ဆာဟာရအာဖရိကဒေသက နိုင်ငံတွေနဲ့ ဆီးရီးယား၊ ယီမင်တို့ဟာ ၁၅၅ နိုင်ငံ ပါဝင်တဲ့ World Happiness Report 2017 မှာ ပျော်ရွှင်မှုအနည်းဆုံး နိုင်ငံတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။  ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပြီး နှစ်စဉ်ထုတ်ပြန်တဲ့ ၄င်းအစီရင်ခံစာက တစ်ဦးချင်းနှစ်စဉ်ဝင်ငွေ၊ ပျော်ရွှင်တဲ့ ဘ၀သက်တမ်း၊ လွတ်လပ်မှု၊ ရက်ရောမှု၊ လူမှုအထောက်အပံ့နဲ့  အစိုးရနဲ့ စီးပွားရေးလုပ်ငန်း တွေမှာ  ခြစားမှုမရှိခြင်းတို့ကို အခြေခံပြီး အဆင့်သတ်မှတ်တာဖြစ်ပါတယ်။

“ပျော်ရွှင်တဲ့နိုင်ငံတွေဆိုတာက ကြွယ်ဝမှု ဟန်ချက်က မျှတကောင်းမွန်ပြီး လူအဖွဲ့အစည်းမှာ လူမှုအရင်းအနှီးတစ်ခုဖြစ်တဲ့ ယုံ ကြည်မှုကလည်း မြင့်မားပါတယ်။ မညီမျှမှု နည်းပါးပြီး အစိုးရကို ယုံကြည်မှုလည်း မြင့်မားပါတယ်” ဟု SDSN ၏ ဒါရိုက် တာ ဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ဂျက်ဖရီဆာ့ခ်ျက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာကို ပြုစုရခြင်း၏ ရည်ရွယ်ချက်ကတော့ အစိုးရတွေ စီးပွားရေးလုပ်ငန်းတွေနဲ့ အရပ်ဖက်လူမှု အဖွဲ့ အစည်းတွေဟာ သာယာဝပြောမှုအတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းရှာဖွေတွေ့ရှိဖို့အတွက် ၎င်းနိုင်ငံတွေကို အ ထောက်အပံ့ ပြုနိုင်ရေးအတွက် နောက်ထပ်အထောက်အကူပြု ပစ္စည်းတစ်ခုအဖြစ် ပံ့ပိုးပေးဖို့ဖြစ်ကြောင်း ဆာ့ခ်ျက ပြော ကြားခဲ့ပါတယ်။

အပျော်ရွှင်ဆုံး နိုင်ငံများစာရင်းရဲ့ ထိပ်ဆုံး ၁၀ နိုင်ငံမှာ နော်ဝေပြီးရင် ဒိန်းမတ်၊ အိုက်စလန်၊ ဆွစ်ဇာလန်၊ ဖင်လန်၊ နယ်သာလန်၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျနဲ့ ဆွီဒင်တို့က အစဉ်လိုက်ရပ်တည်ခဲ့ကြပါတယ်။

အဆိုပါအစီရင်ခံစာရဲ့အောက်ဆုံးနိုင်ငံစာရင်းမှာ တောင်ဆူဒန်၊ လိုက်ဘေးရီးယား၊ ဂီနီ၊ တိုဂို၊ ရ၀မ်ဒါ၊ တန်ဇန်းနီးယား၊ ဘူရွန်ဒီ၊ ဗဟိုအာဖရိကတို့က ဆီးရီးယား၊ ယီမင်တို့နဲ့အတူ ရပ်တည်ခဲ့ပါတယ်။ ဂျာမနီက အဆင့် ၁၆ ရရှိခဲ့ပြီး ဗြိတိန်က ၁၉ နဲ့ ပြင်သစ်က ၃၁ ရရှိခဲ့ကြပါတယ်။ မညီမျှမှု မြင့်တက်လာပြီး ခြစားမှုနဲ့ ယုံကြည်မှုပျက်ပြားမှုတွေ ဆိုးရွားလာသောကြောင့် အမေရိကန်က အဆင့် ၁၄ သို့ တစ်ဆင့်လျော့ကျ သွားခဲ့ကြောင်း သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)