“ဖယ်ရှားခံရတဲ့တောင်ကိုရီးယားသမ္မတပတ်ခ်ဂွန်ဟေး တရားဥပဒေနဲ့ရင်ဆိုင်နေရ”

0
290

သူမကို ရာထူးကနေဖယ်ရှားခံရစေခဲ့တဲ့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး တရားစီရင်ရင်သူတွေရဲ့ စစ်ဆေးမေးမြန်းမှုကို သမ္မတရာထူးကနေပြုတ်သွားတဲ့မစ္စပတ်ခ်ဂွန်ဟေး ခံနေရပါတယ်။

စစ်ဆေးတဲ့ရုံးကိုအရောက်မှာ သူမက စိတ်မကောင်းပါဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မစ္စပတ်ခ်ဂွန်ဟေးဟာ သမ္မတဖြစ်နေချိန်မှာ အစစ်ဆေးမခံရအောင် ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမကိုဖယ်ရှားဖို့ လွှတ် တော်ရဲ့ဆုံးဖြတ်ချက်ကို တရားရုံးက အတည်ပြုပေးလိုက်တာကြောင့် စစ်ဆေးမခံရဖို့ သူ့ကိုယ်သူဆက်ပြီးကာကွယ်ထားလို့မရ တော့ပါဘူး။

စီးပွားရေးကုမ္ပဏီကြီးတွေဆီကနေ ငွေညှစ်ဖို့ သူမရဲ့သူငယ်ချင်းချောင်ဆွန်စီလ်ကို လုပ်ပိုင်ခွင့်ပေးထားခဲ့မှုနဲ့ မစ္စပတ်ခ်ကိုအရေး ယူဖွယ်ရှိနေပါတယ်။

မစ္စချောင်ကိုတော့ လာဘ်ပေးမှု၊အကျင့်ပျက်ခြစားမှုတွေနဲ့ အရေးယူထားပြီးဖြစ်ပါတယ်။

ဒီနေ့မှာ မစ္စပတ်ခ်ကို ရုံးထုတ်တော့ ဆိုးလ်မြို့က သူမရဲ့အိမ်ရှေ့မှာ ထောက်ခံသူတွေ စုရုံးရောက်ရှိနေကြပါတယ်။ ထောက်ခံသူ တွေက သူမကို အားပေးတဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံအလံတွေကို ဝှေ့ရမ်းပြခဲ့ကြပါတယ်။

စစ်ဆေးမှုပြုလုပ်မယ့်ရုံးကိုရောက်ရှိချိန်မှာ မစ္စပတ်ခ်က “ ပြည်သူတွေအတွက် ကျွန်မစိတ်မကောင်းဖြစ်ရပါတယ်။ မေးမြန်းတာ တွေကို ကောင်းကောင်းမွန်မွန်ဖြေကြားပေးသွားမှာပါ” လို့ မီဒီယာတွေကို ပြောဆိုသွားခဲ့ပါတယ်။

မစ္စပတ်ခ်ဟာ ဒီမိုကရက်တစ်နည်းလမ်းနဲ့ ပထမဆုံးအကြိမ်ရွေးချယ်တင်မြှောက်ခဲ့တဲ့တောင်ကိုရီးယားသမ္မတဖြစ်ပြီး စစ်အေး ခေတ်တောင်ကိုရီးယားစစ်အာဏာရှင်ပတ်ချုံဟီးလ်ရဲ့သမီးပဲ ဖြစ်ပါတယ်။ သူမကို ထောက်ခံသူအများစုက တောင်ကိုရီးယားကွန် ဆာဗေးတစ်အယူအဆရှိသူအများစုဖြစ်ပါတယ်။

ပတ်ခ်ဂွန်ဟေးကို ကန့်ကွက်ဆန့်ကျင်သူတွေတော့ သူမဖယ်ရှားခံချိန် ပြီးခဲ့တဲ့မတ်လ ၁၀ရက်နေ့မှာ အောင်ပွဲခံခဲ့ကြပါတယ်။ ဒါပေမဲ့ သူမကိုထောက်ခံအားပေးသူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးပြင်မှာ ဒေါသပေါက်ကွဲခဲ့ကြပြီး မတော်တဆလူနှစ်ဦး သေဆုံးခဲ့ရပါတယ်။ လက်ရှိအချိန်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ယာယီသမ္မတအဖြစ် မစ္စပတ်ခ်ကို သစ္စာခံတဲ့ ဟွမ်ကျိုအန်က ဆောင်ရွက်ပေးနေပါတယ်။ လာမယ် မေလ ၉ရက်နေ့မှာ တောင်ကိုရီးယားသမ္မတရွေးချယ်ပွဲကို ကျင်းပမှာဖြစ်ကြောင်းလည်းသိရှိ ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)