“သြစတေးလျှ လူငယ်ပြုပြင် ထိန်းသိမ်းရေး စခန်းအစောင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကျုးလွန်”

0
284

သြစတေးလျှ လူငယ်ပြုပြင် ထိန်းသိမ်းရေး စခန်းမှာ လုံခြုံရေးအစောင့် လုပ်ကိုင်ခဲ့သူ ကိုနန်ဇမ်မိုလိုဟာ အမျိုးသမီးငယ်လေးတွေ အပေါ်မှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့ကြောင်း ၀န်ခံလိုက်ပါတယ်။

သြစတေးလျှနိုင်ငံ မြောက်ပိုင်းက လူငယ် ပြုပြင်ထိန်းသိမ်းရေး စခန်းကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ၀င်ခဲ့ရာမှာ ကိုနန်ဇမ်မိုလိုရဲ့ ကျုးလွန်မှုကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ထိန်းသိမ်းခံနေရသူတွေကို အရှက်တကွဲ အကျိုးနည်းဖြစ်စေတဲ့ ဓာတ်ပုံတွေ ပျံ့နှံခဲ့ ပြီး ဝေဖန်အပြစ်တင်မှုတွေ ပြင်းထန်လာတာကြောင့် မနှစ်က စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး အဆိုပါ ထိန်းသိမ်းရေးစခန်းကို ၀င်ရောက်စစ်ဆေးခဲ့တာပါ။

ဇမ်မိုလိုက သူ့အနေနဲ့ အမှန်တကယ် လိင်ပိုင်းဆိုင်ရာ စော်ကားချင်လို့ မဟုတ်ဘဲ နောက်ပြောင် ပြောဆိုခဲ့တာလို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ဇမ်မိုလို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ လုံခြုံရေးအစောင့် အနေနဲ့ လုပ်ကိုင်ခဲ့တဲ့ ဒွန်ဒဲလ်လူငယ် ပြုပြင်ထိန်းသိမ်းရေး စခန်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဇမ်မိုလိုကတော့ သူနဲ့ ထိန်းသိမ်းခံနေရတဲ့ အမျိုးသမီးငယ်တွေကြား မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး သူ့အနေနဲ့ သာမန် နောက်ပြောင်ကြည်စယ်မှုလို့ပဲ သဘောထားခဲ့တာပါလို့ ပြောဆိုခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထုတ်ပြန်ချက်မှာ အဆိုပါ ထိန်းသိမ်းရေး စခန်းဟာ အနိုင်ကျင့်မှုတွေကို စနစ်တကျကျုးလွန်နေပြီး ဆယ်ကျော်သက်တွေကို အလင်းရောင် မရှိတဲ့အပြင် ရေပါ သောက်ခွင့်မပေးဘဲ ကာလရှည်ကြာ တိုက်ပိတ်ချုပ်နှောင်မှု တွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)