လူမျိုးရေး ခွဲခြားခံရတဲ့ အတွေ့အကြုံတွေရှိရင် Twitter မှာ ရေးကြဖို့ သြစတြေးလျမှာ လှုံ့ဆော်

0
263

လူနည်းစုအပေါ် ခွဲခြားဆက်ဆံမှုတွေကို အရေးယူနိုင်မယ့် ဥပဒေ ပြဌာန်းမယ်လို့ သြစတြေးလျ အစိုးရက ကြေညာပြီးတဲ့နောက် လူမျိုးရေး ခွဲခြားခံရတဲ့ အတွေ့အကြုံတွေရှိရင် Twitter ကနေ မျှဝေ ထုတ်ဖော်ကြဖို့ လှုံ့ဆော်မှုတွေ ပေါ်ပေါက်လာတာပါ။

လူမျိုးခွဲခြားခံရတာတွေ ထုတ်ဖော်ပြောဖို့ လှုံ့ဆော်သူ ဘင်ဂျင်မင် လော

Twitter မှာ hashtag ခံပြီးတော့ #FreedomOfSpeech ဆိပြီး ထည့်ကြဖို့ သြစတြေးလျရောက် အာရှသား စာရေးဆရာ ဘင်ဂျမင် လော က စတင်လှုံ့ဆော်တာ ဖြစ်ပါတယ်။

ဘင်ဂျမင် လောကိုယ်တိုင်လည်း သူ့အသက် ၁၀ နှစ်တုန်းက လူဖြူကောင်လေးတွေက သူ့ခေါင်းကို ကိုင်ပြီး ရေထဲနှစ်ခဲ့ကြကြောင်း၊ အာရှသားလေးဆိုပြီး ဝိုင်းဟားတာ ခံခဲ့ရကြောင်း Twitter မှာ ရေးခဲ့ပါတယ်။

အဲဒီလို အတွေ့အကြုံတွေ ရေးကြဖို့ လှုံ့ဆော်ပြီးနောက် Twitter ပေါ်မှာ အလုပ်ခွင် ခွဲခြားခံရမှု အကြောင်း၊ နှုတ်နဲ့ရော ကိုယ်ထိလက်ရောက် စော်ကားခံရမှု၊ အွန်လိုင်းကနေ စော်ကားခံရမှုတွေကို ရေးသာမှုတွေ တရှိန်ထိုး များပြားလာခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးက တစ်နေ့ သူလမ်းလျှောက်လာတုန်း လှမ်းဆဲတာ ခံခဲ့ရပါတယ်။ တရုတ်မ … ငါတို့နိုင်ငံက ထွက်သွားလို့ အအော်ခံရကြောင်း ရေးထားပါတယ်။

ဂျူးဘုရားကျောင်းက ထွက်လာတဲ့အချိန်မှာ လူတစ်ယောက်က ဆဲပြီး ထွက်ပြေးသွားကြောင်း ဂျူးလူမျိုးတစ်ဦးက ရေးတင်ထားပါတယ်။

မွတ်စလင်တွေကိုလည်း ဝက်နဲ့အတူ မြေမြှုပ်မယ်လို့ ပြောခံရတာတွေ၊ သြစတြေးက ထွက်သွားဖို့ မောင်းထုတ်ခံရတာတွေကိုလည်း Twitter မှာ ရေးသားခဲ့ကြပါတယ်။

သြစတြေးလျ နိုင်ငံသားတွေကလည်း သူတို့ အသိုင်းအဝိုင်းထဲမှာ လူမျိုးရေးခွဲခြားမှု၊ မုန်းတီးမှုတွေ ပေါ်ပေါက်နေတယ်လို့ ဝန်ခံရေးသားတာတွေလည်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)