“လိင်တူချင်းလက်ထပ်မှုကို သူ့အနေနဲ့လက်သင့်မခံကြောင်း သမ္မတဒူတာတေးပြင်ဆင်ပြောဆို”

0
267

ဖိလစ်ပိုင်သမ္မတဒူတာတေးဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်းက လိင်တူချင်းလက်ထပ်မှုကို လက်သင့်ခံကြောင်းပြော ဆိုမဲဆွယ်ခဲ့ပေမယ့်လည်း အာဏာရရှိလာချိန်မှာ ၄င်းကိစ္စကိုလက်သင့်မခံကြောင်း ပြောဆိုလိုက်ပါတယ်။

မစ္စတာဒူတာတေးက သူဟာ လိင်တူချစ်သူတွေကို ဆန့်ကျင်သူမဟုတ်ကြောင်း သူ့ရဲ့အမျိုးထဲမှာလည်း အဲလိုလိင်တူချင်းစိတ်ဝင် စားသူတွေ ရှိပါကြောင်း ပြောဆိုခဲ့သူပါ။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်က ဒူတာတေးဟာ လိင်တူချစ်သူတွေရဲ့အခွင့်အရေးကို ထောက်ခံမှုရှိကြောင်းနဲ့ လိင်တူချင်းလက်ထပ်တာ ကောင်းမွန်ကြောင်း ပြောဆိုခဲ့ပါတယ်။

အခြားတဖက်မှာလည်း သူဟာ ရာဇ၀တ်မှုနဲ့ပတ်သက်ရင် ရှေးရိုးစွဲဆန်မှုကြောင့် ထင်ရှားသူတစ်ဦးလည်းဖြစ်နေပါတယ်။

အကြီးအကျယ်ဝေဖန်ပြစ်တင်ခံနေရတဲ့ မှုးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲကို သူက ဆင်နွှဲနေပြီး မှုးယစ်ဆေးရောင်းသူတွေကို တရားစီရင်မှုပြင်ပမှာပဲ ထောင်နဲ့ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။

သူ့ရဲ့နောက်ဆုံးမှတ်ချက်စကားကို ပြီးခဲ့တဲ့တနင်္ဂနွေညပိုင်းက မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ပြောဆိုခဲ့တာပါ။ သူ့ပြောစကားတွေ ကို ဂျာနယ်လစ်တွေက ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ ရရှိခဲ့ကြတာဖြစ်ပါတယ်။

သူ့ရဲ့မှုးယစ်ဆေးတိုက်ဖျက်မှုစစ်ပွဲအပေါ်ဝေဖန်နေမှုတွေနဲ့ ပတ်သက်ပြီး မစ္စတာဒူတာတေးက အနောက်တိုင်းတန်ဖိုးတွေကို ဖိလစ်ပိုင်မှာလာပြီး စံသတ်မှတ်ဖို့ လုပ်နေတာလို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မစ္စတာဒူတာတေးက အမေရိကန်လိင်တူ ချစ်သူတွေအကြောင်းရေးသားထားတဲ့ တိုင်းမ်မဂ္ဂဇင်းကို ရည်ညွှန်းပြီး အခုလိုပြောဆိုခဲ့တာပါ။

“ ယောင်္ကျား၊မိန်းမ ရှင်းရှင်းကြီးရှိနေတဲ့ကိစ္စကို ဘာကြောင့် (gender) လို့ သုံးနူန်းနေရသေးလဲ။ ဒါက သူတို့ယဉ်ကျေးမှုပါ၊ ဒါကို ကျွန်တော်တို့ အသုံးမပြုနိုင်ပါဘူး။ ကျွန်တော်တို့က ကတ်သလစ်ဘာသာဝင်တွေဖြစ်ပြီး ရိုးရိုးရှင်းရှင်းပဲလုပ်ဆောင်ကြတာပါ၊ ဘုရားသခင်က ထားတဲ့နေရာမှာ နေဖို့ပါ၊ ရောထွေးပြီး ယောင်္ကျားမိန်းမဆိုတာကို ရောသမမွှေလိုက်ဖို့ မဟုတ်ပါဘူး” “

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)