ဆိုမာလီယာ အငတ်ဘေး တစ်ရက်ခွဲအတွင်း ၂၆ ဦးသေ

0
294

ဆိုမာလီယာ တောင်ပိုင်း၊ ဂျပ်ဘာလန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ငတ်မွတ်မှုကြောင့် တစ်ရက်ခွဲအတွင်း လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဒေသတွင်း တခြားနိုင်ငံတွေ နည်းတူ ဆိုမာလီယာ နိုင်ငံမှာလည်း မိုးခေါင် ရေရှားပြီး အိမ်မွေး တိရစ္ဆာန်တွေလည်း သေဆုံးခဲ့ပါတယ်။ ဆိုမာလီယာ နိုင်ငံရဲ့ လူဦးရေ ထက်ဝက်ဖြစ်တဲ့ လူ ၆ သန်းကျော်ဟာလည်း အငတ်ဘေးဆိုက်နေပြီး စားနပ်ရိက္ခာတွေ အရေးပေါ် လိုနေပါတယ်။

ဂျပ်ဘာလန်ဒေသမှာ အငတ်ဘေး ဆိုက်တာကြောင့် ရာနဲ့ချီတဲ့ မိသားစုတွေဟာ မြို့တော် မိုဂါဒစ်ရှုးကို အကူအညီ ရနိုင်ဖို့ ပြောင်းရွှေ့နေကြပါတယ်။

မနေ့က မတ်လ ၂၀ ရက်နေ့ကစပြီး ၃၆ နာရီအတွင်း လူတွေ သေဆုံးခဲ့ကြရတာ ဖြစ်တယ်လို့ ဂျပ်ဘာလန်က ပြည်ထဲရေး ဒုဝန်ကြီး မိုဟာမက် ဟူစိန်က ပြောပါတယ်။

အငတ်ဘေး ဆိုက်နေတဲ့ ဂျပ်ဘာလန် ဒေသအများစုကို ရှားဘတ် စစ်သွေးကြွတွေက ထိန်းချုပ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ဆိုမာလီယာ အငတ်ဘေးကို အမြန်တားဆီးနိုင်ဖို့ ကူညီကြရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။ အကူအညီတွေ မပေးရင် အဲဒီ ဒေသတွေမှာ အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်ပါတယ်။

လိုအပ်နေတဲ့ အကူအညီကတော့ အမေရိကန် ဒေါ်လာ ၈၂၅ သန်းဖိုးလောက် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)