ဥရောပရဲ့ ဝေဖန်မှုဟာ ရူးသွပ်ခြင်းသာ ဖြစ်တယ်လို့ ဒူတာတေး တုံ့ပြန်

0
271

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲအပေါ် ဝေဖန်နေတဲ့ ဥရောပက ဥပဒေသမားတွေဟာ ရူးသွပ်နေကြခြင်းသာ ဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက တုံ့ပြန်လိုက်ပါတယ်။

ဒါ့အပြင် သမ္မတ ဒူတာတေးက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေဟာ အသတ်ခံရမှာပဲ ဖြစ်တယ်လို့ ထပ်လောင်း ပြောဆိုလိုက်ပါသေးတယ်။

သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲမှာ လူပေါင်းများစွာဟာ ဥပဒေကို ကျော်လွန်ပြီး အသတ်ခံရတယ်လို့ ဥရောပ ပါလီမန်ရဲ့ ပြစ်တင်ဝေဖန်မှုကို ဒူတာတေးက တုံ့ပြန်တာ ဖြစ်ပါတယ်။

ဒီ ရူးသွပ်တဲ့ ဝေဖန်ချက်တွေကို ဂရုမစိုက်ဘူး၊ ဘာဖြစ်လို့ ကျုပ်တို့ကို လာပြောနေတာလဲ၊ ကိုယ့်အလုပ်သာ ကိုယ်ဂရုစိုက်ကြပါလို့ သမ္မတ ဒူတာတေးက ပြောဆိုပါတယ်။ သူ့ရဲ့ ပြောဆိုချက်ထဲမှာ ကျိန်ဆဲတာတွေရော ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေပါ အများကြီး ပါပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)