အကြမ်းဖက်မှု ထိန်းချုပ်ရေးနဲ့ ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ဘင်းစတက် နိုင်ငံတွေ ပူးပေါင်း လုပ်ဆောင်မယ်

0
305

ဘင်းစတက် (BIMSTEC) ၇ နိုင်ငံ ပူးပေါင်းပြီး အကြမ်းဖက်မှု ထိန်းချုပ် တုံ့ပြန်ရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေးတို့အတွက် ပူပေါင်း ဆောင်ရွက်ကြဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

 

ဘင်းစတက် အဖွဲ့ဝင် နိုင်ငံများပြ မြေပုံ

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ နီပေါနဲ့ ဘူတန် တို့ ပါဝင်တဲ့ ဘင်းစတက် နိုင်ငံတွေအကြား အဲဒီလို လုပ်ဆောင်ဖို့ ဘင်းစတက်နိုင်ငံက ကိုယ်စားလှယ်တွေ အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေးအဖွဲ့ (NSA) နဲ့ မကြာခင် လုပ်မယ့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ် ဆွေးနွေးမှာပါ။

ဘင်းစတက် ဧရိယာဟာ အရေးပါတဲ့ နေရာဖြစ်ပြီး နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့လည်း အရေးကြီးတဲ့ နေရာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေးမှာ ပါကစ္စတန်ရဲ့ ပူးပေါင်းပါဝင်မှု မရေမရာ ဖြစ်နေတာကြောင့် တောင်အာရှ နိုင်ငံများအတွင်း လုံခြုံရေး ရည်မှန်းချက်တွေ မအောင်မမြင် ဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နီပေါနိုင်ငံ၊ ခတ္တမန္ဒူမှာ ဘင်းစတက်နိုင်ငံတွေက အဆင့်မြင့် ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ် ဘင်းစတက် ကိုယ်စားလှယ်တွေနဲ့ NSA တို့ ညီလာခံတစ်ရပ် မြန်နိုင်သမျှ မြန်မြန် ကျင်းပကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒီညီလာခံမှာ အကြမ်းဖက်မှု ထိန်းချုပ်ရေးနဲ့ ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ဘင်းစတက် နိုင်ငံတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)