အမေရိကန် သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ကျူးဘားခရီးစဉ်စတင်

0
313

အမေရိကန် သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ကျူးဘားခရီးစဉ်ကို မတ်လ (၂၀) ရက်နေ့က စတင်ခဲ့ပါတယ်။

Obama and family tour Cuba's historic

ကျူးဘားနိုင်ငံရဲ့  မြို့တော်ဟာဗားနားကို ဆိုက်ရောက်လာခဲ့တဲ့ သမ္မတအိုဘားမားနဲ့ မိသားစုကို ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ်က လေဆိပ်မှာ ကြိုဆိုခဲ့သလို ကျူးဘား ပြည်သူတွေကလည်း မိုးတွေရွာနေတဲ့ ကြားက လမ်းတလျှောက်မှာ လှိုက်လှဲစွာကြိုဆိုခဲ့ပါတယ်။

 

ဒီခရီးစဉ်အရ ကျူးဘား- အမေရိကန်ဆက်ဆံရေးသမိုင်း မှာ နှစ်ပေါင်း ၉၀ အတွင်း ကျူးဘားကို ပထမဆုံး လာရောက်တဲ့ အမေရိကန်သမ္မတဖြစ်လာခဲ့ပါတယ်။

 

သမ္မတအိုဘားမားဟာ ကျူးဘားနိုင်ငံမှာ ၃ရက်ကြာ နေထိုင်မှာဖြစ်ပါတယ်။ကျူးဘားနဲ့ အမေရိကန် သံတမန်ဆက်ဆံရေးကို မနှစ်ကမှ ပြန်လည် စတင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)