ကြန္ျမဴနစ္သူပုန္ေတြကို အၾကမ္းဖက္အဖြဲ႔အျဖစ္ ဖိလစ္ပိုင္ ေၾကညာမယ္

0
948

ကြန္ျမဴနစ္ ပါတီနဲ႔ အဖြဲ႔ခြဲ ျပည္သူ႔စစ္တပ္သစ္ (NPA) ကို အၾကမ္းဖက္ အဖြဲ႔အစည္းအျဖစ္ ေၾကညာဖုိ႔ ဖိလစ္ပိုင္ အစိုးရက တရား႐ံုးကို ေတာင္းဆိုလိုက္ပါတယ္။

ေနာ္ေဝ သံအမတ္ႀကီးက ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးနဲ႔ ေတြ႔ဆံုၿပီး ကြန္ျမဴနစ္ သူပုန္ေတြနဲ႔ ေဆြးေႏြးမႈေတြ ျပန္လုပ္ဖို႔ တိုက္တြန္းခဲ့ၿပီးေနာက္ အခုလို အၾကမ္းဖက္ အဖြဲ႔အစည္းအျဖစ္ သတ္မွတ္ဖုိ႔ ေတာင္းဆုိခဲ့တာ ျဖစ္ပါတယ္။

ဖိလစ္ပိုင္အစိုးရရဲ႕ မူဝါဒေတြထဲမွာ အၾကမ္းဖက္ တုိက္ခုိက္မႈေတြ ေနာက္ကြယ္မွာ ပါဝင္ခဲ့တဲ့ အဘူေဆယက္ စစ္ေသြးၾကြအုုပ္စုလို အၾကမ္းဖက္အျဖစ္ သတ္မွတ္ထားတဲ့ အဖြဲ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈလုပ္မွာ မဟုတ္ပါဘူး၊ ကြန္ျမဴနစ္ သူပုန္ေတြဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈထဲ ဝင္ေရာက္ၿပီး အစိုးရကို အခ်ိန္ကုန္ေစခဲ့တယ္လို႔ ဖိလစ္ပိုင္ အစိုးရေရွ႕ေန ပီတာ အြန္က ေျပာပါတယ္။

ကြန္ျမဴနစ္ သူပုန္အဖြဲ႔ရဲ႕ အဓိက ရည္ရြယ္ခ်က္ဟာ အစိုးရအဖြဲ႔ကို ျဖဳတ္ခ်ေရးျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ သမၼတ ဒူတာေတးက ကြန္ျမဴနစ္ သူပုန္ေတြနဲ႔ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လမွာ ျပန္စတင္ခဲ့တဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ မေအာင္ျမင္မႈအေပၚ ေဒါသျဖစ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကွန်မြူနစ်သူပုန်တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ဖိလစ်ပိုင် ကြေညာမယ်

ကွန်မြူနစ် ပါတီနဲ့ အဖွဲ့ခွဲ ပြည်သူ့စစ်တပ်သစ် (NPA) ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာဖို့ ဖိလစ်ပိုင် အစိုးရက တရားရုံးကို တောင်းဆိုလိုက်ပါတယ်။

နော်ဝေ သံအမတ်ကြီးက ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးနဲ့ တွေ့ဆုံပြီး ကွန်မြူနစ် သူပုန်တွေနဲ့ ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ တိုက်တွန်းခဲ့ပြီးနောက် အခုလို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အစိုးရရဲ့ မူဝါဒတွေထဲမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ကွယ်မှာ ပါဝင်ခဲ့တဲ့ အဘူဆေယက် စစ်သွေးကြွအုပ်စုလို အကြမ်းဖက်အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်မှာ မဟုတ်ပါဘူး၊ ကွန်မြူနစ် သူပုန်တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုထဲ ဝင်ရောက်ပြီး အစိုးရကို အချိန်ကုန်စေခဲ့တယ်လို့ ဖိလစ်ပိုင် အစိုးရရှေ့နေ ပီတာ အွန်က ပြောပါတယ်။

ကွန်မြူနစ် သူပုန်အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အစိုးရအဖွဲ့ကို ဖြုတ်ချရေးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ သမ္မတ ဒူတာတေးက ကွန်မြူနစ် သူပုန်တွေနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ပြန်စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်မှုအပေါ် ဒေါသဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)