ဘီဟာျပည္နယ္မွာ ေက်ာင္းသားေတြ စာေမးပြဲခန္းထဲ ဖိနပ္နဲ႔ ေျခအိတ္ မဝတ္ရ

0
854

အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း၊ ဘီဟာျပည္နယ္မွာ စာခိုးခ်ဖို႔ မွတ္စုေတြ မသယ္ႏိုင္ေအာင္ ေက်ာင္းသား ေက်ာင္းသူေတြကို စာေမးပြဲခန္းထဲ ဖိနပ္နဲ႔ ေျခအိတ္ေတြ မဝတ္ဆင္ဖို႔  အာဏာပိုင္ေတြက စည္းကမ္းထုတ္လုိက္ပါတယ္။

အဲ ဒီစည္းမ်ဥ္းဟာ အသက္ ၁၅ ႏွစ္ ဝန္းက်င္ ေက်ာင္းသားေက်ာင္းသူ ၁ ဒသမ ၈ သန္းေလာက္ စာေမးပြဲႀကီး စတင္ေျဖဆိုတဲ့ ေဖေဖာ္ဝါရီ ၂၁ ရက္မွာ စတင္အႀကံဳးဝင္ပါတယ္။ ဒသမတန္းက ေက်ာင္းသားေတြဟာ  ေနာက္ဆံုး အတန္းတင္ စာေပးပြဲကို စတင္ေျဖဆုိေတာ့မွာ ျဖစ္ပါတယ္။

ေက်ာင္းသားေတြကို စာေမးပြဲေျဖဆိုမယ့္ အခန္းထဲ မဝင္ခင္ စစ္ေဆးမွာ ျဖစ္ၿပီး စာေမးပြဲေျဖဆိုခ်ိန္မွာလည္း ဗီဒီယိုနဲ႔ ေစာင့္ၾကည့္ေနမွာ ျဖစ္ပါတယ္။ ဘီဟာျပည္နယ္ဟာ ေက်ာင္းသားေတြ စာခိုးခ်မႈ အမ်ားဆံုး ျပဳလုပ္တယ္လို႔ နာမည္ဆုိးနဲ႔ လူသိမ်ားတဲ့ ျပည္နယ္ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘီဟာပြည်နယ်မှာ ကျောင်းသားတွေ စာမေးပွဲခန်းထဲ ဖိနပ်နဲ့ ခြေအိတ် မဝတ်ရ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ ဘီဟာပြည်နယ်မှာ စာခိုးချဖို့ မှတ်စုတွေ မသယ်နိုင်အောင် ကျောင်းသား ကျောင်းသူတွေကို စာမေးပွဲခန်းထဲ ဖိနပ်နဲ့ ခြေအိတ်တွေ မဝတ်ဆင်ဖို့ အာဏာပိုင်တွေက စည်းကမ်းထုတ်လိုက်ပါတယ်။

အဲ ဒီစည်းမျဉ်းဟာ အသက် ၁၅ နှစ် ဝန်းကျင် ကျောင်းသားကျောင်းသူ ၁ ဒသမ ၈ သန်းလောက် စာမေးပွဲကြီး စတင်ဖြေဆိုတဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ စတင်အကြုံးဝင်ပါတယ်။ ဒသမတန်းက ကျောင်းသားတွေဟာ နောက်ဆုံး အတန်းတင် စာပေးပွဲကို စတင်ဖြေဆိုတော့မှာ ဖြစ်ပါတယ်။

ကျောင်းသားတွေကို စာမေးပွဲဖြေဆိုမယ့် အခန်းထဲ မဝင်ခင် စစ်ဆေးမှာ ဖြစ်ပြီး စာမေးပွဲဖြေဆိုချိန်မှာလည်း ဗီဒီယိုနဲ့ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ဘီဟာပြည်နယ်ဟာ ကျောင်းသားတွေ စာခိုးချမှု အများဆုံး ပြုလုပ်တယ်လို့ နာမည်ဆိုးနဲ့ လူသိများတဲ့ ပြည်နယ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)