အငွားကိုယ္ဝန္နဲ႔ ရတဲ့ ကေလး ၁၃ ဦးကို ဂ်ပန္အမ်ိဳးသား အုပ္ထိန္းခြင့္ရ

0
937

ဂ်ပန္အမ်ိဳးသားတစ္ဦးဟာ ထုိင္းႏုိင္ငံမွာ အငွား ကိုယ္ဝန္ေဆာင္ခိုင္းၿပီး ရထားတဲ့ ကေလး ၁၃ ေယာက္ကို တရားဝင္ အုပ္ထိန္းခြင့္ ထိုင္းတရား႐ံုးက ခြင့္ျပဳေပးလုိက္ပါတယ္။

မစ္ဆူတိုကီ ရွီကီတာဟာ ထိုင္း အငွား ကိုယ္ဝန္ေဆာင္မိခင္ ၉ ဦးနဲ႔ အဲဒီ ကေလး ၁၃ ဦးကို ရယူခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ကေလး စက္႐ံု အရႈပ္ေတာ္ပံုဆိုၿပီး ေပၚေပါက္ခဲ့ကာ ရႈပ္ေထြးမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

ဘန္ေကာက္ၿမိဳ႕ တိုက္ခန္းတစ္ခုမွာ ေတြ႔ရတဲ့ ေမြးကင္းစ ကေလး ၉ ေယာက္နဲ႔ တျခား ကေလး ၄ ေယာက္တို႔ရဲ႕ DNA (မ်ဳိးဗီဇ) နမူနာေတြဟာ ရွီကီတာနဲ႔ တူညီေနတာကို ထုိင္းရဲေတြက စစ္ေဆးေတြ႔ရွိၿပီးေနာက္ အဲဒီျပႆနာ ေပၚထြက္လာတာ ျဖစ္ပါတယ္။

အဲဒီအခ်ိန္က အငွားကုိယ္ဝန္ေဆာင္ လုပ္ငန္းအေပၚ တရားဝင္ ထိန္းခ်ဳပ္ျပ႒ာန္းမႈ မလုပ္ရေသးတဲ့အတြက္ ထုိင္းႏိုင္ငံမွာ အဆိုပါ ျဖစ္စဥ္ေၾကာင့္ ႐ိုက္ခတ္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ အာဏာပိုင္ေတြဟာ ၂၀၁၅ ခုႏွစ္ကစလို႔ ႏိုင္ငံျခားသားေတြက ထုိင္း အမ်ိဳးသမီးေတြကို ပိုက္ဆံေပးၿပီး အငွား ကိုယ္ဝန္ေဆာင္ခိုင္းမႈ အေပၚ တားျမစ္ခဲ့ရပါတယ္။

ရွီကီတာဟာ အဲဒီ အျဖစ္အပ်က္ေတြ ျဖစ္ခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံကေန ထြက္ခြာလာခဲ့ၿပီး ထိုင္း လူမႈဖြံ႔ၿဖဳိးေရးနဲ႔ လူမႈ ဖူလံုေရး ဝန္ႀကီးဌာနကုိ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

အငှားကိုယ်ဝန်နဲ့ ရတဲ့ ကလေး ၁၃ ဦးကို ဂျပန်အမျိုးသား အုပ်ထိန်းခွင့်ရ

ဂျပန်အမျိုးသားတစ်ဦးဟာ ထိုင်းနိုင်ငံမှာ အငှား ကိုယ်ဝန်ဆောင်ခိုင်းပြီး ရထားတဲ့ ကလေး ၁၃ ယောက်ကို တရားဝင် အုပ်ထိန်းခွင့် ထိုင်းတရားရုံးက ခွင့်ပြုပေးလိုက်ပါတယ်။

မစ်ဆူတိုကီ ရှီကီတာဟာ ထိုင်း အငှား ကိုယ်ဝန်ဆောင်မိခင် ၉ ဦးနဲ့ အဲဒီ ကလေး ၁၃ ဦးကို ရယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကလေး စက်ရုံ အရှုပ်တော်ပုံဆိုပြီး ပေါ်ပေါက်ခဲ့ကာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘန်ကောက်မြို့ တိုက်ခန်းတစ်ခုမှာ တွေ့ရတဲ့ မွေးကင်းစ ကလေး ၉ ယောက်နဲ့ တခြား ကလေး ၄ ယောက်တို့ရဲ့ DNA (မျိုးဗီဇ) နမူနာတွေဟာ ရှီကီတာနဲ့ တူညီနေတာကို ထိုင်းရဲတွေက စစ်ဆေးတွေ့ရှိပြီးနောက် အဲဒီပြဿနာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အဲဒီအချိန်က အငှားကိုယ်ဝန်ဆောင် လုပ်ငန်းအပေါ် တရားဝင် ထိန်းချုပ်ပြဋ္ဌာန်းမှု မလုပ်ရသေးတဲ့အတွက် ထိုင်းနိုင်ငံမှာ အဆိုပါ ဖြစ်စဉ်ကြောင့် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အာဏာပိုင်တွေဟာ ၂၀၁၅ ခုနှစ်ကစလို့ နိုင်ငံခြားသားတွေက ထိုင်း အမျိုးသမီးတွေကို ပိုက်ဆံပေးပြီး အငှား ကိုယ်ဝန်ဆောင်ခိုင်းမှု အပေါ် တားမြစ်ခဲ့ရပါတယ်။

ရှီကီတာဟာ အဲဒီ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကနေ ထွက်ခွာလာခဲ့ပြီး ထိုင်း လူမှုဖွံ့ဖြိုးရေးနဲ့ လူမှု ဖူလုံရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)