
0
920






>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှား ဒေသ ၄ ခုမှာ မီးဘေး သတိပေးချက် ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံက ဒေသ ၄ ခုမှာ မီးဘေး သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံအတွင်း ခြောက်သွေ့ရာသီ စတင်ချိန်မှာ တောနဲ့ ကုန်းမြေတွေမှာ မီးလောင်မှု ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကြောင့် အခုလို သတိပေးချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံ ဆူမတ်တြား တောင်ပိုင်း၊ ကလီမန်တန် အနောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ ဒေသတွေကို ပြီးခဲ့တဲ့ နှစ်တွေကလိုပဲ မီးနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ မြင့်တက်နေပါတယ်။

အင်ဒိုနီးရှား သမ္မတကလည်း အခုနှစ်အတွင်းမှာ တောနဲ့ ကုန်းမြေတွေမှာ မီးလောင်တာကို တားဆီးနိုင်ရေး ဆက်လက် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

သမ္မတက အင်ဒိုနီးရှားနိုင်ငံကို ၂၀၁၈ ခုနှစ် အတွင်း လေထုညစ်ညမ်းမှု ကင်းစင်တဲ့နှစ် ဖြစ်အောင် လုပ်မယ်လို့ မလေးရှားနဲ့ စင်ကာပူ ဝန်ကြီးချုပ်တွေကို ကတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)