
0
923




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Big Bang အဖွဲ့ဝင် G-Dragon အခုလအတွင်း စစ်မှုထမ်းမယ်

တောင်ကိုရီးယား Big Bang ဂီတအဖွဲ့ဝင် G-Dragon ဟာ အခုလအတွင်း စတင်ပြီး စစ်မှုထမ်းတော့မှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ တောင်ကိုရီးယား အဆိုတော်ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ လေကျင့်ရေးစခန်းကို သွားရောက်မှာဖြစ်ပြီး ပရိသတ်တွေကို နှုတ်ဆက်ပွဲ လုပ်မှာ မဟုတ်ဘူးလို့ G-Dragon ရဲ့အေဂျင်စီ YG က သတင်းထုတ်ပြန်ထားပါတယ်။ G-Dragon ဟာ ၂၁ လကြာ စစ်မှုတာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ရက်ပါ အဆိုတော် G-Dragon ဟာ Big Bang အဖွဲ့မှာ ဒုတိယမြောက် စစ်မှုထမ်းတဲ့သူ ဖြစ်ပါတယ်။ Big Bang အဖွဲ့ဝင်တွေဟာ အခုနှစ်အတွင်း စစ်မှုထမ်းသူတွေ ရှိမှာ ဖြစ်တာကြောင့် ကာလအတန်ကြာ တပေါင်းတစည်းတည်း တွေ့မြင်ရမှာ မဟုတ်ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)