ေသနတ္ထိန္းခ်ဳပ္ဖို႔ ဖေလာ္ရီဒါ ေတာင္းပိုင္းက ေက်ာင္းသားေတြ ဆႏၵျပ

0
906

အေမရိကန္၊ ဖေလာ္ရီဒါျပည္နယ္ ေတာင္ပိုင္းက ေက်ာင္းသားေက်ာင္းသူ ၁ ေထာင္ခန္႔ဟာ ေသနတ္ထိန္းခ်ဳပ္ေရး ဥပေဒကုိ ျပင္ဆင္ေရး ဒီေန႔ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔မွာ ဆႏၵျပၾကပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က ဖေလာ္ရီဒါျပည္နယ္ရွိ အထက္တန္းေက်ာင္း တစ္ေက်ာင္းမွာ ပစ္ခတ္မႈျဖစ္ခဲ့တာေၾကာင့္ ေက်ာင္းသား ေက်ာင္းသူနဲ႔ ဆရာ ၁၇ ဦး ေသဆံုးခဲ့ၿပီးေနာက္ အေမရိကန္ႏုိင္ငံအတြင္း ေသနတ္ထိန္းခ်ဳပ္ဖို႔  ေတာင္းဆုိမႈေတြ ျမင့္တက္လာခဲ့ပါတယ္။  

ဖေလာ္ရီဒါျပည္နယ္ ေတာင္ပိုင္း၊ ဝက္စ္ ဘိုကာ အထက္တန္းေက်ာင္းက ေက်ာင္းသားေက်ာင္းသူ ၁ ေထာင္နီးပါးဟာ ေက်ာင္းတာဝန္ရွိသူေတြ၊ လံုၿခံဳေရးအဖြဲ႔ေတြကို ေက်ာ္ျဖတ္ၿပီး ေက်ာင္သား ၁၇ ဦး ေသဆံုးမႈအတြက္ ဆႏၵျပတာေတြ လုပ္ၾကတာ ျဖစ္ပါတယ္။ ေက်ာင္းသားေတြဟာ စာသင္ခန္းထဲမွာ မတ္တပ္ရပ္ကာ ေအာ္ဟစ္ေၾကြးေႀကာ္တာေတြ လုပ္ခဲ့ၿပီးေနာက္ စီစဥ္မထားတဲ့ ဆႏၵျပမႈကို လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သေနတ်ထိန်းချုပ်ဖို့ ဖလော်ရီဒါ တောင်းပိုင်းက ကျောင်းသားတွေ ဆန္ဒပြ

အမေရိကန်၊ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းက ကျောင်းသားကျောင်းသူ ၁ ထောင်ခန့်ဟာ သေနတ်ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ရေး ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဆန္ဒပြကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖလော်ရီဒါပြည်နယ်ရှိ အထက်တန်းကျောင်း တစ်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ကျောင်းသား ကျောင်းသူနဲ့ ဆရာ ၁၇ ဦး သေဆုံးခဲ့ပြီးနောက် အမေရိကန်နိုင်ငံအတွင်း သေနတ်ထိန်းချုပ်ဖို့ တောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ် တောင်ပိုင်း၊ ဝက်စ် ဘိုကာ အထက်တန်းကျောင်းက ကျောင်းသားကျောင်းသူ ၁ ထောင်နီးပါးဟာ ကျောင်းတာဝန်ရှိသူတွေ၊ လုံခြုံရေးအဖွဲ့တွေကို ကျော်ဖြတ်ပြီး ကျောင်သား ၁၇ ဦး သေဆုံးမှုအတွက် ဆန္ဒပြတာတွေ လုပ်ကြတာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ စာသင်ခန်းထဲမှာ မတ်တပ်ရပ်ကာ အော်ဟစ်ကြွေးကြော်တာတွေ လုပ်ခဲ့ပြီးနောက် စီစဉ်မထားတဲ့ ဆန္ဒပြမှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)