လက္နက္ ထိန္းခ်ဳပ္ေရး လႈပ္ရွားမႈအတြက္ မင္းသားႀကီး ကလူေန မိသားစု ေဒၚလာ ၅ သိန္းလွဴ

0
309

အေမရိကန္ ေဟာလိဝုဒ္ မင္းသားႀကီး ေဂ်ာ့ဂ်္ ကလူေနတို႔ မိသားစုက ေသနတ္ထိန္းခ်ဳပ္ေရး ကူညီေထာက္ပံ့မႈအျဖစ္ အေမရိကန္ ေဒၚလာ ၅ သိန္း လွဴဒါန္းလုိက္ပါတယ္။    

မင္းသားႀကီးနဲ႔ ဇနီးျဖစ္သူ ေရွ႕ေန အာမယ္ ကလူေနတို႔က မတ္လ ၂၄ ရက္ေန႔ ဝါရွင္တန္ဒီစီၿမိဳ႕မွာ ျပဳလုပ္မယ့္  March for Our Lives ပြဲအတြက္ ေငြေၾကးလွဴဒါန္းခဲ့တာျဖစ္ၿပီး အသက္ ၈ လအရြယ္ အျမြာ သားသမီး ႏွစ္ဦးျဖစ္တဲ့ အယ္လာနဲ႔ အလက္ဇန္းဒါးတို႔ အမည္နဲ႔ လွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။

မင္းသားႀကီး ကလူေနနဲ႔ မိသားစုဟာ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔က လူ ၁၇ ဦး ေသဆံုးေစခဲ့တဲ့ ပါ့ခ္လန္းက စာသင္ေက်ာင္း ပစ္ခတ္မႈမွာ အသက္ရွင္က်န္ရစ္ခဲ့ သူေတြနဲ႔အတူ ခ်ီတက္ဆႏၵျပပြဲကို တက္ေရာက္မွာ ျဖစ္ပါတယ္။

ႏုိင္ငံအတြင္းရွိ လူငယ္မ်ိဳးဆက္သစ္ေတြနဲ႔အတူ နီးကပ္စြာ ရပ္တည္မႈကို ျပသႏုိင္ဖုိ႔ ဆႏၵျပပြဲကို တက္ေရာက္မွာ ျဖစ္တယ္လို႔ ေဂ်ာ့ဂ်္ ကလူေနက ေျပာပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်နက် ထိန်းချုပ်ရေး လှုပ်ရှားမှုအတွက် မင်းသားကြီး ကလူနေ မိသားစု ဒေါ်လာ ၅ သိန်းလှူ

အမေရိကန် ဟောလိဝုဒ် မင်းသားကြီး ဂျော့ဂျ် ကလူနေတို့ မိသားစုက သေနတ်ထိန်းချုပ်ရေး ကူညီထောက်ပံ့မှုအဖြစ် အမေရိကန် ဒေါ်လာ ၅ သိန်း လှူဒါန်းလိုက်ပါတယ်။

မင်းသားကြီးနဲ့ ဇနီးဖြစ်သူ ရှေ့နေ အာမယ် ကလူနေတို့က မတ်လ ၂၄ ရက်နေ့ ဝါရှင်တန်ဒီစီမြို့မှာ ပြုလုပ်မယ့် March for Our Lives ပွဲအတွက် ငွေကြေးလှူဒါန်းခဲ့တာဖြစ်ပြီး အသက် ၈ လအရွယ် အမြွာ သားသမီး နှစ်ဦးဖြစ်တဲ့ အယ်လာနဲ့ အလက်ဇန်းဒါးတို့ အမည်နဲ့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

မင်းသားကြီး ကလူနေနဲ့ မိသားစုဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က လူ ၁၇ ဦး သေဆုံးစေခဲ့တဲ့ ပါ့ခ်လန်းက စာသင်ကျောင်း ပစ်ခတ်မှုမှာ အသက်ရှင်ကျန်ရစ်ခဲ့ သူတွေနဲ့အတူ ချီတက်ဆန္ဒပြပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံအတွင်းရှိ လူငယ်မျိုးဆက်သစ်တွေနဲ့အတူ နီးကပ်စွာ ရပ်တည်မှုကို ပြသနိုင်ဖို့ ဆန္ဒပြပွဲကို တက်ရောက်မှာ ဖြစ်တယ်လို့ ဂျော့ဂျ် ကလူနေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)