ကေမာၻဒီးယား ေရြးေကာက္ပြဲအတြက္ မဲပံုး ၁ ေသာင္း ဂ်ပန္ လႉ

0
966

အတိုက္အခံပါတီကို ႏွိပ္ကြပ္မႈနဲ႔ ပတ္သက္လို႔ ဥေရာပ သမဂၢနဲ႔ အေမရိကန္တို႔က အကူအညီေတြ ႐ုပ္သိမ္းသြားၿပီးေနာက္ ကေမာၻဒီးယား ေရြးေကာက္ပြဲအတြက္ အေမရိကန္ ေဒၚလာ ၇ ဒသမ ၅ သန္း တန္ဖိုးရွိ မဲပံုးေတြကို ဂ်ပန္က ေထာက္ပံ့လႉဒါန္းလိုက္ပါတယ္။

အတိုက္အခံျဖစ္တဲ့ ကေမာၻဒီးယား အမ်ိဳးသားကယ္ဆယ္ေရး ပါတီ (CNRP) ကို ဖ်က္သိမ္းဖို႔ တရား႐ံုးက ဆံုးျဖတ္ၿပီးေနာက္ ဂ်ပန္အပါအဝင္ ႏိုင္ငံျခား အကူအညီေပးသူေတြ အေနနဲ႔ အမ်ိဳးသားေရြးေကာက္ပြဲ ေကာ္မတီ (NEC) ကို ေထာက္ပံ့မႈေတြ ရပ္ထားဖို႔ CNRP က တိုက္တြန္းထားပါတယ္။

ဒါေပမယ့္ ဂ်ပန္က ဆီးနိတ္ ေရြးေကာက္ပြဲနဲ႔ အေထြေထြ ေရြးေကာက္ပြဲကို ဆက္လက္ ကူညီေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘောဒီးယား ရွေးကောက်ပွဲအတွက် မဲပုံး ၁ သောင်း ဂျပန် လှူ

အတိုက်အခံပါတီကို နှိပ်ကွပ်မှုနဲ့ ပတ်သက်လို့ ဥရောပ သမဂ္ဂနဲ့ အမေရိကန်တို့က အကူအညီတွေ ရုပ်သိမ်းသွားပြီးနောက် ကမ္ဘောဒီးယား ရွေးကောက်ပွဲအတွက် အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ သန်း တန်ဖိုးရှိ မဲပုံးတွေကို ဂျပန်က ထောက်ပံ့လှူဒါန်းလိုက်ပါတယ်။

အတိုက်အခံဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေး ပါတီ (CNRP) ကို ဖျက်သိမ်းဖို့ တရားရုံးက ဆုံးဖြတ်ပြီးနောက် ဂျပန်အပါအဝင် နိုင်ငံခြား အကူအညီပေးသူတွေ အနေနဲ့ အမျိုးသားရွေးကောက်ပွဲ ကော်မတီ (NEC) ကို ထောက်ပံ့မှုတွေ ရပ်ထားဖို့ CNRP က တိုက်တွန်းထားပါတယ်။

ဒါပေမယ့် ဂျပန်က ဆီးနိတ် ရွေးကောက်ပွဲနဲ့ အထွေထွေ ရွေးကောက်ပွဲကို ဆက်လက် ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)