မေလးရွားရဲ႕ အစၥလာမ္ႏိုင္ငံ ျဖစ္ဖို႔ ႀကိဳးပမ္းမႈ အမ်ိဳးသမီး အခြင့္အေရးလႈပ္ရွားသူေတြ ဆိုးက်ိဳးခံေနရ

0
868

မေလးရွားဟာ အစၥလာမ္ႏိုင္ငံျဖစ္ေရး လုပ္ေဆာင္ခ်က္ေတြေၾကာင္း အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ အခြင့္အေရး လႈပ္ရွားသူေတြ ဆိုးက်ိဳးခံေနရတယ္လို႔ အမ်ိဳးသမီးမ်ားအေပၚ ႏွိမ့္ခ်ဆက္ဆံမႈ ပေပ်ာက္ေရး ေကာ္မတီ (CEDAW) ရဲ႕ သံုးသပ္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မေလးရွားရဲ႕ စံႏႈန္းႏွစ္မ်ိဳးနဲ႔ က်င့္သံုးတဲ့ ဥပေဒစနစ္ေၾကာင့္ မြတ္စလင္ အမ်ိဳးသမီးေတြဟာ မြတ္စလင္မဟုတ္တဲ့ အမ်ိဳးသမီးေတြထက္ အခြင့္အေရးဆံုး႐ံႈးေနပါတယ္။ ဂ်န္ဒါ တန္းတူညီမွ်ေရးကို အေလးထားလုပ္ေဆာင္ဖို႔ မေလးရွားအစိုးရက ပ်က္ကြက္ေနတယ္လို႔ အရပ္ဖက္အဖြဲ႔အစည္းနဲ႔ တက္ၾကြလႈပ္ရွားတဲ့ အဖြဲ႔ ၃၇ ဖြဲ႔က ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕မွာ က်င္းပတဲ့ CEDAW ရဲ႕ ၆၉ ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ အစည္းအေဝးမွာ ဒီကိစၥကို ထုတ္ေဖာ္ေျပာဆိုခဲ့တာ ျဖစ္ၿပီး မေလးရွားက အစၥလမ္ ညီအစ္မမ်ားအဖြဲ႔ကလည္း မေလးရွားမွာ ျဖစ္ေနတာေတြကို မီးေမာင္းထိုးျပဖို႔ အစည္းအေဝးကို ေရာက္ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားရဲ့ အစ္စလာမ်နိုင်ငံ ဖြစ်ဖို့ ကြိုးပမ်းမှု အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေ ဆိုးကျိုးခံနေရ

မလေးရှားဟာ အစ္စလာမ်နိုင်ငံဖြစ်ရေး လုပ်ဆောင်ချက်တွေကြောင်း အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူတွေ ဆိုးကျိုးခံနေရတယ်လို့ အမျိုးသမီးများအပေါ် နှိမ့်ချဆက်ဆံမှု ပပျောက်ရေး ကော်မတီ (CEDAW) ရဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားရဲ့ စံနှုန်းနှစ်မျိုးနဲ့ ကျင့်သုံးတဲ့ ဥပဒေစနစ်ကြောင့် မွတ်စလင် အမျိုးသမီးတွေဟာ မွတ်စလင်မဟုတ်တဲ့ အမျိုးသမီးတွေထက် အခွင့်အရေးဆုံးရှုံးနေပါတယ်။ ဂျန်ဒါ တန်းတူညီမျှရေးကို အလေးထားလုပ်ဆောင်ဖို့ မလေးရှားအစိုးရက ပျက်ကွက်နေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းနဲ့ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့ ၃၇ ဖွဲ့က ထုတ်ဖော် ပြောဆိုထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ CEDAW ရဲ့ ၆၉ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးမှာ ဒီကိစ္စကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပြီး မလေးရှားက အစ္စလမ် ညီအစ်မများအဖွဲ့ကလည်း မလေးရှားမှာ ဖြစ်နေတာတွေကို မီးမောင်းထိုးပြဖို့ အစည်းအဝေးကို ရောက်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)