ဆီးရီးယားမွာ ကေလးေတြ ေသဆံုးေနမႈ ေဖာ္ျပစရာ စကားလံုး မရွိဘူးလို႔ ကုလ ေျပာ

0
919

ဆီးရီးယားႏိုင္ငံ ဂိုအူတာ အေရွ႕ပိုင္းနဲ႔ ဒမတ္စကတ္စ္မွာ တိုက္ပြဲေတြအတြင္း ကေလးငယ္အမ်ားအျပား အသတ္ခံရမႈနဲ႔ ပတ္သက္လို႔ ေဖာ္ျပစရာ စကားလံုး မရွိဘူးလို႔ ကုလသမဂၢ ကေလးမ်ား ရန္ပံုေငြ (ယူနီဆက္ဖ္) က သတင္းထုတ္ျပန္ပါတယ္။

ကေလးေတြ အသတ္ခံေနရတာေတြ၊ ကေလးေတြရဲ႕ မိခင္ေတြ၊ ဖခင္ေတြနဲ႔ ခ်စ္ခင္သူေတြ အသတ္ခံေနရတာေတြအတြက္ ေဖာ္ျပဖို႔ စကားလံုးမရွိဘူးလို႔ ယူနီဆက္ဖ္ ဌာေန ညႊန္ၾကားေရးမႉး ဂီးရတ္ ကတ္ပယ္ေလယာက ေျပာပါတယ္။

ထုတ္ျပန္ခ်က္ထဲက ကိုးကားေျပာဆိုခ်က္ေနရာမွာ စာေၾကာင္း ဆယ္ေၾကာင္းစာ ကြက္လပ္လုပ္ၿပီး ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ကေလးေတြ အသတ္ခံရမႈနဲ႔ ကြ်ႏ္ုပ္တို႔ရဲ႕ ေဒါသျဖစ္ရမႈကို ေဖာ္ျပႏိုင္ဖို႔ ကြက္လပ္လုပ္ထားတဲ့ သတင္းကို ထုတ္ျပန္ရတာ ျဖစ္တယ္လို႔ ေရးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယားမှာ ကလေးတွေ သေဆုံးနေမှု ဖော်ပြစရာ စကားလုံး မရှိဘူးလို့ ကုလ ပြော

ဆီးရီးယားနိုင်ငံ ဂိုအူတာ အရှေ့ပိုင်းနဲ့ ဒမတ်စကတ်စ်မှာ တိုက်ပွဲတွေအတွင်း ကလေးငယ်အများအပြား အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖော်ပြစရာ စကားလုံး မရှိဘူးလို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ (ယူနီဆက်ဖ်) က သတင်းထုတ်ပြန်ပါတယ်။

ကလေးတွေ အသတ်ခံနေရတာတွေ၊ ကလေးတွေရဲ့ မိခင်တွေ၊ ဖခင်တွေနဲ့ ချစ်ခင်သူတွေ အသတ်ခံနေရတာတွေအတွက် ဖော်ပြဖို့ စကားလုံးမရှိဘူးလို့ ယူနီဆက်ဖ် ဌာနေ ညွှန်ကြားရေးမှူး ဂီးရတ် ကတ်ပယ်လေယာက ပြောပါတယ်။

ထုတ်ပြန်ချက်ထဲက ကိုးကားပြောဆိုချက်နေရာမှာ စာကြောင်း ဆယ်ကြောင်းစာ ကွက်လပ်လုပ်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေ အသတ်ခံရမှုနဲ့ ကျွန်ုပ်တို့ရဲ့ ဒေါသဖြစ်ရမှုကို ဖော်ပြနိုင်ဖို့ ကွက်လပ်လုပ်ထားတဲ့ သတင်းကို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ရေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)