
0
878




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာပေါ်မှာ ဟောင်ကောင်က ရုံးခန်းငှားခ ဈေးအကြီးဆုံး ဖြစ်

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး မြို့တွေထဲက တစ်မြို့ဖြစ်တဲ့ ဟောင်ကောင်ဟာ ရုံးခန်းငှားခမှာလည်း ကမ္ဘာ့ဈေးအကြီးဆုံး ဖြစ်တယ်လို့ စစ်တမ်းတစ်ရပ်က ဖော်ပြပါတယ်။

ဟောင်ကောင်ဟာ ဘေဂျင်း၊ နယူးယောက်က မန်ဟတ်တန် ရပ်ကွက်၊ လန်ဒန် အနောက်ပိုင်းတို့နဲ့အတူ ရုံးခန်းငှားခ ဈေးအကြီးစာရင်းမှာ ရပ်တည်နေတယ်လို့ အိမ်ခြံမြေဆိုင်ရာ ဝက်ဘ်ဆိုက်ဖြစ်တဲ့ ကော်မာရှယ် ကဖေးရဲ့ စစ်တမ်းက ဖော်ပြပါတယ်။

ဟောင်ကောင် အလယ်ပိုင်းမှာ ရုံးခန်းငှားခဟာ တစ်နှစ်မှာ တစ်ပေ ပတ်လည်ကို အမေရိကန် ဒေါ်လာ ၂၆၉ ဒသမ ၂၆ ဒါမှမဟုတ် တစ်မီတာ ပတ်လည်ကို အမေရိကန် ဒေါ်လာ ၂၉၂၃ ရှိပါတယ်။ ဘေဂျင်းရှိ ဘဏ္ဍာရေးလမ်းမှာ ရုံးခန်းငှားခထက် ဟောင်ကောင်က ၅၅ ရာခိုင်နှုန်း ပိုမြင့်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)