အေမရိကန္ ဒု သမၼတနဲ႔ ေတြ႔ဆံုမယ့္ အစီအစဥ္ ေျမာက္ကိုရီးယား ဖ်က္သိမ္း

0
967

ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအန္ရဲ႕ ညီမ အပါအဝင္ အဆင့္ျမင့္အရာရွိေတြနဲ႔ အေမရိကန္ ဒုတိယ သမၼတ မိုက္ခ္ ပန္႔စ္တို႔ ေတြ႔ဆံုမယ့္ အစီအစဥ္ကို ေနာက္ဆံုးမိနစ္မွာ ေျမာက္ကိုရီးယားဘက္က ဖ်က္သိမ္းလိုက္ေၾကာင္း အေမရိကန္က တရားဝင္ ေၾကညာပါတယ္။

ေတာင္ကိုရီးယား ၿပံဳယမ္း ေဆာင္းရာသီ အိုလံပစ္ ပြဲေတာ္အတြင္း ေတြ႔ဆံုမယ့္ အစီအစဥ္ ဖ်က္သိမ္းမႈနဲ႔ ပတ္သက္ၿပီး ဒု သမၼတ ပန္႔စ္ရဲ႕ ဝန္ထမ္းေရးရာ အႀကီးအကဲ နစ္ခ္ အိုင္ယာစ္က သူတို႔ (ေျမာက္ကိုရီးယား) က အစည္းအေဝးကေန အေဝးကို ထြက္ေျပးသြားတယ္၊ စားပြဲဝိုင္းထိုင္ ေဆြးေႏြးဖို႔ သူတို႔ဟာ ဘယ္ေတာ့မွာ စိတ္ရင္းေျဖာင့္မႈ မရွိတာ ျဖစ္လိမ့္မယ္လို႔ ေျပာပါတယ္။

ဒု သမၼတ ပန္႔စ္ကလည္း ေျမာက္ကိုရီးယား လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ေဝဖန္ျပစ္တင္လိုက္ၿပီး စီးပြားေရး ပိတ္ဆို႔အေရးယူမႈ အသစ္ေတြ ခ်မွတ္ဖို႔ အစီအစဥ္ရွိတယ္လို႔ ေၾကညာပါတယ္။ ေတြ႔ဆံုမယ့္ အစီအစဥ္ကို ေျမာက္ကိုရီးယားဘက္က ေဖေဖာ္ဝါရီ ၁၀ ရက္မွာ ပယ္ဖ်က္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် ဒု သမ္မတနဲ့ တွေ့ဆုံမယ့် အစီအစဉ် မြောက်ကိုရီးယား ဖျက်သိမ်း

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမ အပါအဝင် အဆင့်မြင့်အရာရှိတွေနဲ့ အမေရိကန် ဒုတိယ သမ္မတ မိုက်ခ် ပန့်စ်တို့ တွေ့ဆုံမယ့် အစီအစဉ်ကို နောက်ဆုံးမိနစ်မှာ မြောက်ကိုရီးယားဘက်က ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်က တရားဝင် ကြေညာပါတယ်။

တောင်ကိုရီးယား ပြုံယမ်း ဆောင်းရာသီ အိုလံပစ် ပွဲတော်အတွင်း တွေ့ဆုံမယ့် အစီအစဉ် ဖျက်သိမ်းမှုနဲ့ ပတ်သက်ပြီး ဒု သမ္မတ ပန့်စ်ရဲ့ ဝန်ထမ်းရေးရာ အကြီးအကဲ နစ်ခ် အိုင်ယာစ်က သူတို့ (မြောက်ကိုရီးယား) က အစည်းအဝေးကနေ အဝေးကို ထွက်ပြေးသွားတယ်၊ စားပွဲဝိုင်းထိုင် ဆွေးနွေးဖို့ သူတို့ဟာ ဘယ်တော့မှာ စိတ်ရင်းဖြောင့်မှု မရှိတာ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

ဒု သမ္မတ ပန့်စ်ကလည်း မြောက်ကိုရီးယား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်ပြစ်တင်လိုက်ပြီး စီးပွားရေး ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်ဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာပါတယ်။ တွေ့ဆုံမယ့် အစီအစဉ်ကို မြောက်ကိုရီးယားဘက်က ဖေဖော်ဝါရီ ၁၀ ရက်မှာ ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)