
0
316




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်စောင်းမှာ အီရန် လေယာဉ် ပျက်ကျထားတဲ့ ဓာတ်ပုံ ပထမဆုံး ထုတ်ပြန်

လူ ၆၅ ဦး သေဆုံးတဲ့ လေယာဉ်ပျက်ကျထားပုံ ဓာတ်ပုံကို အီရန် အစိုးရ ရုပ်သံဌာနက ပထမဆုံး ထုတ်လွှင့်ခဲ့ပါတယ်။

အီရန်လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို သိရှိရေး လေယာဉ်ရဲ့ သေတ္တာနက် (black box) ကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ရှာနေပါတယ်။ အီရန်အနောက်ပိုင်းရှိ ဇာဂရိုစ်တောင်တန်းရှိ နှင်းဖုံးနေတဲ့ တောင်စောင်းတစ်ခုမှာ အက်ဆီမန် လေကြောင်းလိုင်းက လေယာဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျထားတဲ့နေရာဟာ ရဟတ်ယာဉ် ဆင်းသက်ဖို့ အန္တရာယ် များလွန်း ကောင်းကင်မှာ လေယာဉ်ကို ဝဲပြီး ရှာဖွေကယ်ဆယ်ရေးသမားတွေ အလုပ်လုပ်ရတာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျထားတဲ့ နေရာက အမြင့်ပေ ၃၅၀ဝ မီတာမှာ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)