ဂျကာတာမှာ မိုးအသည်းအသန် ရွာပြီးနောက် လမ်းမတွေပေါ် ရေကြီး

0
339

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မိုးတွေ အသည်းအသန် ရွာသွန်းခဲ့တဲ့အတွက် ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ  လမ်းမတွေနဲ့ ထောင်နဲ့ချီတဲ့ လူနေအိမ်တွေ ရေလွှမ်းမိုးနေပါတယ်။

ဂျကာတာမြို့တွင်းက နေရာ ၅၀ လောက်မှာ ရေလွှမ်းမိုးနေတာဖြစ်ပြီး အရှေ့ဂျကာတာမှာဆို လမ်းမပေါ် ၁ မီတာခွဲလောက်ထိ ရေတွေတက်နေတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဂျကာတာမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၃ တုန်းက ခုလို ရေကြီးမှုကြောင့် လူ ၂၅ ယောက် ဝန်းကျင်လောက် သေဆုံးခဲ့ဖူးပြီး လူ သောင်းနဲ့ချီပြီး ရေဘေးသင့်ခဲ့ဖူးပါတယ်။ ဂျကာတာမြို့ဟာ လူဦးရေ သန်း ၃၀ လောက် နေထိုင်တဲ့ မြို့လည်း ဖြစ်ပါတယ်။

မြို့ အာဏာပိုင်တွေကတော့ ၂၀၁၃ ရေကြီးမှု ဖြစ်ပွားပြီးကတည်းက မြောင်းထဲက အမှိုက်တွေရှင်းပြီး ရေစီးရေလာကောင်းအောင်လုပ်ခဲ့တာကြောင့် ရေလွှမ်းတဲ့ နယ်မြေ ကျဆင်းလာတယ်လို့ ပြောပါတယ်။

အခုလအစောပိုင်းတုန်းက အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းမှာ မိုးအသည်းအသန်ရွာသွားခဲ့တာကြောင့် ရေကြီးတဲ့ဒဏ်ကို လူ ၄ သောင်းလောက်ခံခဲ့ရပြီး ဘာလီမှာလည်း မြေပြိုမှုတွေကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)