မဲဘုန်းလ်မြို့က ရှော့ပင်းမောလ်တစ်ခုကို လူငါးဦးလိုက်ပါလာတဲ့ လေယာဉ်တစ်စီး ပျက်ကျ

0
309

သြစတြေးလျနိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က လူငါးဦး စီးနင်းလိုက်ပါတဲ့ လေယာဉ်ငယ်တစ်စီးဟာ မဲလ်ဘုန်းမြို့က ရှော့ပင်းမောလ်တစ်ခုကို ဝင်တိုက်မိခဲ့ပါတယ်။

အဲဒီလေယာဉ်ဟာ Beechcraft Super King Air လေကြောင်းလိုင်းက အင်ဂျင်နှစ်လုံးတပ်လေယာဉ်ဖြစ်ပြီး မဲလ်ဘုန်းမြို့စွန် အက်ဆင်ဒန်အရပ်က Direct Factory Outlet ရှောပင်းမောလ်ကို ဖွင့်ဖို့ ၄၅ မိနစ်အလိုမှာ ဝင်တိုက်ခဲ့တာဖြစ်ပြီး လေယာဉ်မှူးတစ်ဦးနဲ့ လေယာဉ်ပေါ်က ခရီးသွားလေးဦး သေဆုံးခဲ့တာပါ။

အဲဒီလေယာဉ်ဟာ မဲလ်ဘုန်းမြို့ရဲ့ ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်တဲ့ အက်ဆင်ဒန်လေဆိပ်ကနေ ၂၂၅ ကီလိုမီတာဝေးတဲ့ King ကျွန်းကို ဆင်းလုံးငှားခရီးစဉ်အဖြစ် ပျံသန်းခဲ့တာပါ။ ရှောပင်းမောလ်ကတော့ လေဆိပ်နဲ့ တွဲလျက်ဖွင့်ထားတာ ဖြစ်ပါတယ်။

လေယာဉ်ဟာ အင်ဂျင်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး ရှောပင်းမောလ်ရဲ့အနောက်ဘက်ခြမ်းက ပစ္စည်းသိုလှောင်ခန်းထဲကို ပျက်ကျခဲ့တာလို့ လေယာဉ်မှူးတစ်ယောက်က အစီရင်ခံတင်ပြထားပါတယ်။ ဒီဖြစ်စဉ်ကြောင့် မီးလောင်တာဖြစ်ခဲ့ပေမဲ့ မီးသတ်သမားတွေ ငြှိမ်းသတ်ခဲ့ပြီး ရဲနဲ့ ဆေးအကူအဖွဲ့တွေလည်း အမြန်ရောက်ရှိခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)