အမေရိကန်ရဲ့ (၄၅) ယောက်မြောက် သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာ ကြိမ်ဆို

0
270

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇန်န၀ါရီလ (၂၀) ရက်နေ့ က (၄၅) ယောက်မြောက်သမ္မတ အဖြစ် ကျမ်းသစ္စာ ကြိမ်ဆိုခဲ့ပါတယ်။

အဲဒီ ကျမ်းသစ္စာကြိမ်ဆိုပွဲမှာ “ဒီပွဲဟာ ကျွန်ုပ်ဆီကို အာဏာလွှဲပြောင်းပေးတာမဟုတ်ပါဘူး။ ၀ါရှင်တန်ဒီင်္စီမြို့က အာဏာကို အမေရိကန် ပြည်သူတွေဆီ လွှဲပြောင်းပေးတဲ့ ပွဲတစ်ခုပါ။ ဒီနေ့ပွဲဟာ သင်တို့ရဲ့ပွဲပါ။ ဒီနေ့ကစတင်ပြီး အမေရိကန်သာလျှင် ပထမ ဖြစ်လာစေရပါမယ်။ ကုန်သွယ်ရေး၊ အကောက်ခွန်၊နိုင်ငံခြားရေးကိစ္စတွေနဲ့ လူုဝင်မှုကြီးကြပ်ရေး တွေကနေ အမေရိကန် အလုပ်သမားတွေနဲ့ မိသားစုတွေအတွက် အခွင့်အလမ်းသစ်တွေ ဖော်ဆာင်သွားမှာ ဖြစ်ပါတယ်။ နောက်ထပ်လည်း နယ်စပ်လုံခြုံရေးကိစ္စတွေကို အဓိကထား လုပ်ဆောင်သွားမှာဖြစ်ပြီး ရှေ့ဆက် အမေရိကန်လူမျိုးတွေရဲ့ အိပ်မက်တွေကို အကောင် ထည်ဖော်ရင်းနဲ့ အမေရိကန်နိုင်ငံ ပြန်လည်အောင်မြင်လာအောင် ဆောင်ရွက်သွားမှာဖြစ်တယ်”လို့ သမ္မတဒေါ်နယ်ထရမ့်က ပြောခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)