တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို တူရကီ ရဲအရာရှိ ပစ်သတ်

0
295

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အန်ဒရီကားလော့ဗ်ကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ တူရကီရဲတစ်ယောက်က သေနတ်ပစ်သတ်ခဲ့ပါတယ်။

turkey

ရုရှားသံအမတ် တူရကီနိုင်ငံရဲ့ မြို့တော် အန်ကာရာက “တူရကီတွေရဲ့ ရုရှားအပေါ် အမြင်”လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားနေတုန်း အဲဒီရဲအရာရှိက တာဝန်ချိန်ပြင်ပမှာ ပစ်သတ်ခဲ့တာပါ။ ပစ်သတ်ခဲ့သူဟာ အလက်ပိုကို မမေ့ကြဖို့ ဆီးရီးယားကို မမေ့ကြဖို့နဲ့ ဘုရားသခင်ဟာ ကြီးမြတ်တယ်ဆိုတဲ့ စကားကိုလည်း ကြွေးကြော်ခဲ့ပါတယ်။

turkey2

အဲဒီပစ်ခတ်မှုကြောင့် အခြားလူသုံးယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သံအမတ်ကို ပစ်သတ်ခဲ့တဲ့ ရဲဟာ အသက် ၂၂ အရွယ်ရှိပြီး လုပ်သက် နှစ်နှစ်ခွဲရှိတဲ့ အန်ကာရာတာဝန်ကျ ရဲအရာရှိဖြစ်ပြီး မာ့ဗ်လက်မာ့တ်အယ်တင်တက်စ်လို့ အမည်ရကြောင်း တူရကီ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တူရကီသမ္မတအာဒိုဂန်က ဒီကိစ္စကြောင့် တူရကီနဲ့ရုရှား(၂)နိုင်ငံဆက်ဆံရေးကိုအထိခိုက်ခံမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)