
0
413





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပင်လယ်ရေ မြင့်တက်လို့ ဖီဂျီမှာ ရွာ ၄၀ ရွှေ့ပြောင်းဖို့ ပြင်

တောင် ပစိဖိတ်ထဲက ကျွန်းနိုင်ငံဖြစ်တဲ့ ဖီဂျီမှာ ကမ်းခြေ ပင်လယ်ရေ မြင့်တက်မှုတွေ ရှိလာတာကြောင့် ကျေးရွာပေါင်း ၄၀ ကျော်ကို ရွှေ့ပြောင်းပေးဖို့ ဖီဂျီအစိုးရက စီစဉ်နေပါတယ်။

လောလောဆယ် ကုန်းမြင့်တဲ့နေရာကို ရွာ သုံးရွာ ပြောင်းပေးထားပြီး ထပ်ရွှေ့ဖို့ ၄၃ ရွာ ကျန်နေပါသေးတယ်။
ဒါ့အပြင် တခြား ပစိဖိတ်ကျွန်းတွေကနေ ရွှေ့ပြောင်း ဝင်ရောက်လာမယ့်သူတွေကို ကူညီဖို့လည်း အစိုးရက ပြင်ဆင်နေတယ်လို့ ဖီဂျီ ရှေ့နေချုပ်က ပြောပါတယ်။

အဲ့လ်ပ်စ် တောင်တန်းကနေ အင်းဒိစ် တောင်တန်းအထိ ရေခဲတွေ အရေပျော်မှုကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုမျိုး ရာသီဥတု ပြောင်းလဲလာမှုကို ဝိုင်းဝန်းတားဆီးရေး ဂျာမနီမှာ နိုင်ငံပေါင်း ၂၀ဝ ကျော် ပါဝင်ဆွေးနွေးတဲ့ ညီလာခံမှာ ဖီဂျီ သမ္မတက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)