လူသတ္ဂိုဏ္း ေခါင္းေဆာင္ ခ်ားလ္စ္ မန္ဆန္ အသက္ ၈၃ ႏွစ္မွာ ေသဆံုး

0
402

၂၀ ရာစုမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ လူသတ္ဂိုဏ္းေခါင္းေဆာင္ အေမရိကန္ ရာဇဝတ္ေကာင္ ခ်ားလ္စ္ မန္ဆန္ဟာ အသက္ ၈၃ ႏွစ္မွာ ေသဆံုးၿပီ ျဖစ္ပါတယ္။

လူသတ္မႈမွာ ကိုယ္တိုင္ကိုယ္က် ပါဝင္တယ္လို႔ ဘယ္ေတာ့မွ ဝန္မခံခဲ့တဲ့ မန္ဆန္ဟာ အေမရိကန္၊ ေလာ့စ္အိန္ဂ်လိစ္ ျပည္နယ္ အက်ဥ္းေထာင္မွာ မေန႔က ႏိုဝင္ဘာ ၁၉ ရက္ေန႔မွာ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

ကမာၻေက်ာ္ ဒါ႐ိုက္တာ ႐ိုမန္ ပိုလန္စကီရဲ႕ ဇနီး ကိုယ္ဝန္ ရွစ္လရွိသူ မင္းသမီး ရွာရြန္ တိတ္၊ သူ႔မိတ္ေဆြေတြ ျဖစ္တဲ့ အဘီဂီးလ္ ေဖာ္လ္ဂ်ာ၊ ဝိုစီယာ ဖ႐ိုင္ကိုစကီ၊ ေဂ်း ဆီဘရင္၊ စတီဗင္ ပါးရန္႔ တို႔ကို သတ္ျဖတ္ခံရပါတယ္။  ခ်မ္းသာတဲ့ စံုတြဲ ႐ုိ႕စ္မာရီနဲ႔ လီႏို လာဘီယန္ကာ၊ ေလာ့စ္အိန္ဂ်လိစ္မွာ မူးယစ္ေဆးေရာင္းတဲ့ ဂီတသမား ဂေရး ဟင္မန္းတို႔လည္း အသတ္ခံခဲ့ရပါတယ္။

 

“မန္ဆန္ မိသားစု” လို႔ ေခၚၾကတဲ့ သူ႔ေနာက္လိုက္ေတြဟာ ၁၉၆၉ ခုႏွစ္ ဇူလိုင္နဲ႔ ၾသဂုတ္လမွာ မတူတဲ့ ေနရာ ေလးခုမွာ လူ ကိုးဦးကို ဆက္တိုက္ သတ္ျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။ ဂစ္တာသမား၊ သီခ်င္းဆိုသူလည္း ျဖစ္တဲ့ မန္ဆန္လည္း တစ္သက္တစ္ကြ်န္း က်သြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူသတ်ဂိုဏ်း ခေါင်းဆောင် ချားလ်စ် မန်ဆန် အသက် ၈၃ နှစ်မှာ သေဆုံး

၂၀ ရာစုမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူသတ်ဂိုဏ်းခေါင်းဆောင် အမေရိကန် ရာဇဝတ်ကောင် ချားလ်စ် မန်ဆန်ဟာ အသက် ၈၃ နှစ်မှာ သေဆုံးပြီ ဖြစ်ပါတယ်။

လူသတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တယ်လို့ ဘယ်တော့မှ ဝန်မခံခဲ့တဲ့ မန်ဆန်ဟာ အမေရိကန်၊ လော့စ်အိန်ဂျလိစ် ပြည်နယ် အကျဉ်းထောင်မှာ မနေ့က နိုဝင်ဘာ ၁၉ ရက်နေ့မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ဒါရိုက်တာ ရိုမန် ပိုလန်စကီရဲ့ ဇနီး ကိုယ်ဝန် ရှစ်လရှိသူ မင်းသမီး ရှာရွန် တိတ်၊ သူ့မိတ်ဆွေတွေ ဖြစ်တဲ့ အဘီဂီးလ် ဖော်လ်ဂျာ၊ ဝိုစီယာ ဖရိုင်ကိုစကီ၊ ဂျေး ဆီဘရင်၊ စတီဗင် ပါးရန့် တို့ကို သတ်ဖြတ်ခံရပါတယ်။ ချမ်းသာတဲ့ စုံတွဲ ရို့စ်မာရီနဲ့ လီနို လာဘီယန်ကာ၊ လော့စ်အိန်ဂျလိစ်မှာ မူးယစ်ဆေးရောင်းတဲ့ ဂီတသမား ဂရေး ဟင်မန်းတို့လည်း အသတ်ခံခဲ့ရပါတယ်။

“မန်ဆန် မိသားစု” လို့ ခေါ်ကြတဲ့ သူ့နောက်လိုက်တွေဟာ ၁၉၆၉ ခုနှစ် ဇူလိုင်နဲ့ သြဂုတ်လမှာ မတူတဲ့ နေရာ လေးခုမှာ လူ ကိုးဦးကို ဆက်တိုက် သတ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဂစ်တာသမား၊ သီချင်းဆိုသူလည်း ဖြစ်တဲ့ မန်ဆန်လည်း တစ်သက်တစ်ကျွန်း ကျသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)