
0
376




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

AC/DC က ဂစ်တာ အကျော်အမော် မယ်လ်ကွန် ယန်း ကွယ်လွန်

AC/DC တီးဝိုင်းကို ပူးတွဲတည်ထောင်သူလည်းဖြစ် ဂစ်တာသမားလည်း ဖြစ်တဲ့ မယ်လ်ကွန် ယန်းဟာ နိုဝင်ဘာ ၁၈ ရက်နေ့က အသက် ၆၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူထားခဲ့တဲ့ ဂန္တဝင်လက်ရာတွေကတော့ အမြဲတမ်း ဆက်ရှိနေမှာပါ၊ မယ်လ်ကွန်ဟာ လုပ်စရာရှိတာတွေ အကုန်လုပ်ခဲ့ပါပြီလို့ သူ့ညီလည်းဖြစ်၊ တီးဝိုင်းအဖွဲ့သားလည်း ဖြစ်တဲ့ အန်းဂတ်စ် ယန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ ရစ်သမ်ဂစ်တာ တီးခတ်မှု အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ မယ်လ်ကွန် ယန်းကို ၁၉၅၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ AC/DC တီးဝိုင်းကို သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ၁၉၇၃ ခုနှစ်က စတင်တည်ထောင်ပြီး ကမ္ဘာကျော် သြစတြေးလျ တီးဝိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Back in Black အယ်လ်ဘမ်အပါအဝင် အယ်လ်ဘမ် ချပ်ရေ သန်း ၂၀ဝ ကျော် ရောင်းချခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)