
0
394




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇင်ဘာဘွေ သမ္မတ မူဂါဘီ ရာထူးက နုတ်ထွက်ဖို့ သဘောတူပြီ

ဇင်ဘာဘွေ နိုင်ငံကို ၃၇ နှစ်ကြာ အုပ်စိုးခဲ့တဲ့ သမ္မတ ရောဘတ် မူဂါဘီက အခုတော့ ရာထူးက တရားဝင် နုတ်ထွက်ပေးဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

အာဏာရပါတီ ဇာနု-ပီအက်ဖ် ပါတီက မူဂါဘီကို ပါတီခေါင်းဆောင် ရာထူးကနေလည်း ထုတ်ပယ်ပြီး ဖြစ်ပါတယ်။ ဇာနု-ပီအက်ဖ် ပါတီက အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ အမ်မာဆန် မန်ဂါဂဝါကို ပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ပါတယ်။

မူဂါဘီဟာ ဒီနေ့ နိုဝင်ဘာ ၂၀ မွန်းလွဲပိုင်းမှာမှ နုတ်ထွက်ခြင်း မရှိရင် လုပ်ထုံးလုပ်နည်းအရ လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခြင်း ခံရမှာ ဖြစ်ပါတယ်။ မနန်ဂါဂဝါကို သမ္မတ ရာထူးအတွက် လျာထားတယ်လို့ ဇင်ဘာဘွေ ပြည်တွင်း သတင်းတွေက ဖော်ပြကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)