0
352
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဘရာဇီးမှာ ၂၂ ကြိမ်မြောက် LGBT ချီတက်ပွဲ ပြုလုပ်
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနဲရိုးမြို့ရဲ့ ကမ်းခြေမှာ မနေ့ နိုဝင်ဘာ ၁၉ ရက်နေ့က ၂၂ ကြိမ်မြောက် LGBT ချီတက်ပွဲမှာ လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ပြီး သီးချင်းသီဆိုတာ၊ ကခုန်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဲ့ဒီပွဲမှာ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၈ သောင်းလောက်ပါင် ဆင်နွှဲခဲ့ကြပြီး ကြီးမားတဲ့ LGBT ကိုယ်စားပြု သက်တံ ရောင်စုံအလံတွေ ကိုင်ဆောင်၊ ဝတ်ဆင်ကာ ကခုန်ခဲ့ကြတယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အဲ့ဒီပွဲကို အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အာကို အီးရစ် ဒီ စီဒါဒါနီယာ LGBT အဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး LGBT တွေအတွက် အခွင့်အရေး တန်းတူညီမျှရရှိစေဖို့၊ ဘက်လိုက်မှုတွေနဲ့ အမုန်းတရားတွေ မရှိစေဖို့ စုပေါင်းချီတက်ကြတာ ဖြစ်ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)