ထြက္ေျပးလာတဲ့ ေျမာက္ကိုရီးယား စစ္သားကိုယ္ထဲက ကပ္ပါးပိုး အေျမာက္အျမားေတြ႔

0
306

ေသနတ္ဒဏ္ရာေတြ ရရွိထားတဲ့ ထြက္ေျပးလာတဲ့ ေျမာက္ကိုရီးယား စစ္သားကိုယ္ထဲက ကပ္ပါးပိုး အေျမာက္အျမားကို အံ့ဖြယ္ရာ ေတြ႔ရွိရတယ္လို႔ ကုသေပးေနတဲ့ ေတာင္ကိုရီးယား ဆရာဝန္ေတြက ေျပာပါတယ္။

ေျမာက္ကိုရီးယား စစ္သားရဲ႕ အေျခအေနက တည္ၿငိမ္လာေပမယ့္ သူ႔ခႏၶာကိုယ္ထဲမွာ ေတြ႔ရတဲ့ ေျမာက္ျမားစြာေသာ ကပ္ပါးပိုးေတြက သူ႔ျပန္ေကာင္းမယ့္ကိစၥကို ဒုကၡေပးေနတယ္လို႔ ေဒါက္တာ လီကြတ္ဂြ်န္က ေျပာပါတယ္။

သူ႔ရဲ႕ ေဆးကုသမႈသက္တမ္း ႏွစ္ ၂၀ အတြင္းမွာ ဒီေလာက္ မ်ားျပားတဲ့ ကပ္ပါးပိုးေတြကို မျမင္ဖူးေၾကာင္း၊ စာသင္ခန္းက စာအုပ္ေတြထဲမွာသာ ေတြ႔ဖူးေၾကာင္း ေဒါက္တာ လီကြတ္ဂြ်န္က ေျပာပါတယ္။ ကပ္ပါးပိုးျဖစ္တဲ့ သံေကာင္တစ္ေကာင္ဆိုရင္ ဆြဲဆန္႔လိုက္ပါက ၂၇ စင္တီမီတာအထိ ရွည္တယ္လို႔လည္း သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား စစ်သားကိုယ်ထဲက ကပ်ပါးပိုး အမြောက်အမြားတွေ့

သေနတ်ဒဏ်ရာတွေ ရရှိထားတဲ့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား စစ်သားကိုယ်ထဲက ကပ်ပါးပိုး အမြောက်အမြားကို အံ့ဖွယ်ရာ တွေ့ရှိရတယ်လို့ ကုသပေးနေတဲ့ တောင်ကိုရီးယား ဆရာဝန်တွေက ပြောပါတယ်။

မြောက်ကိုရီးယား စစ်သားရဲ့ အခြေအနေက တည်ငြိမ်လာပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ တွေ့ရတဲ့ မြောက်မြားစွာသော ကပ်ပါးပိုးတွေက သူ့ပြန်ကောင်းမယ့်ကိစ္စကို ဒုက္ခပေးနေတယ်လို့ ဒေါက်တာ လီကွတ်ဂျွန်က ပြောပါတယ်။

သူ့ရဲ့ ဆေးကုသမှုသက်တမ်း နှစ် ၂၀ အတွင်းမှာ ဒီလောက် များပြားတဲ့ ကပ်ပါးပိုးတွေကို မမြင်ဖူးကြောင်း၊ စာသင်ခန်းက စာအုပ်တွေထဲမှာသာ တွေ့ဖူးကြောင်း ဒေါက်တာ လီကွတ်ဂျွန်က ပြောပါတယ်။ ကပ်ပါးပိုးဖြစ်တဲ့ သံကောင်တစ်ကောင်ဆိုရင် ဆွဲဆန့်လိုက်ပါက ၂၇ စင်တီမီတာအထိ ရှည်တယ်လို့လည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)