
0
267





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရှေ့တောင်အာရှမှာ ဆင်းရဲနွမ်းပါးသူ ၉၀ ရာခိုင်နှုန်း ဖိလစ်ပိုင်နဲ့ အင်ဒိုမှာ ရှိ

အရှေ့တောင်အာရှမှာ ဆင်းရဲနွမ်းပါးသူ ၉၀ ရာခိုင်နှုန်းဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ရှိနေတယ်လို့ အစီရင်ခံစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။

ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs) နဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေ ဘယ်လောက် တိုးတက်မှု ရှိသလဲဆိုတာကို ဆန်းစစ်လေ့လာတဲ့ အစီရင်ခံစာက အဲဒီလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံမှာ သိသိသာသာ တိုးတက်မှုတွေ ရှိပေမယ့် ဆင်ရဲနွမ်းပါးမှု တိုက်ဖျက်ရေးဟာ ထိရောက်မှု မရှိသေးဘဲ အများစုဟာ ဆင်းရဲနွမ်းပါးနေဆဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ကနေ ထုတ်ပြန်လိုက်တဲ့ အာဆီယံဒေသတွင်း SDGs ဘဏ္ဍာရေးဆိုင်ရာ အာဆီယံ-တရုတ်-UNDP ပူးတွဲ အစီရင်ခံစာက အာဆီယံဒေသတွင်းမှာ လူ ၃၆ သန်းဟာ နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှု လိုင်းဖြစ်တဲ့ တစ်နေ့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဒေါ်လာအောက် ဝင်ငွေလျော့နည်းတဲ့ စံနှုန်းအောက်မှာ နေထိုင်နေရတယ်လို့ ဖော်ပြပါတယ်။ အဲဒီရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ရှိကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)