ေပ်ာက္ဆံုး အာဂ်င္တီးနား ေရငုပ္သေဘၤာကုိ ရွာေဖြဖို႔  ႏိုင္ငံတကာက အကူအညီေပးေန

0
276

ေပ်ာက္ဆံုးေနတဲ့ အာဂ်င္တီးနား ေရငုပ္သေဘၤာကို  ရွာေဖြဖုိ႔  ၿဗိတိန္ေတာ္ဝင္ေရတပ္က  ဝင္႐ိုးစြန္းရွာေဖြေရး သေဘၤာတစ္စီး    ပို႔ေဆာင္ေပးလုိက္ၿပီး ရွာေဖြမႈေတြ ဆက္လုပ္ေနပါတယ္။

အဲ့ဒီေပ်ာက္ဆံုး ေရငုပ္သေဘၤာေပၚမွာ ေရတပ္သား ၄၄ ဦး ပါရွိၿပီး ကမ္း႐ိုးတမ္းကေန မုိင္ေပါင္း ၂၅၀ အကြာ အတၱလန္တစ္ သမုဒၵရာေတာင္ပိုင္းမွာ ေပ်ာက္ဆံုးသြားခဲ့တာပါ။

ေရငုပ္သေဘၤာမွာ အသက္ ၃၅ ႏွစ္အရြယ္ အာဂ်င္တီးနားရဲ႕ ပထမဆံုး အမ်ိဳးသမီး ေရတပ္အရာရွိ အယ္လီယာနာ ကေရာ္ဇစ္ ဆိုသူလည္း ပါရွိပါတယ္။ အဲ့ဒီ ေရငုပ္သေဘၤာဟာ ရာသီဥတုဆိုးရြားမႈ ဒဏ္ေၾကာင့္ ေပ်ာက္ဆံုးေနတာလို႔ ယူဆထားၾကပါတယ္။

ရွာေဖြမႈမွာ စန္တိုရီကို အေျခစိုက္ အေမရိကန္ ေရေအာက္ရွာေဖြ ကယ္ဆယ္ေရး ေရတပ္ဖြဲဲဲ႔ေတြလည္း ပါဝင္ပါတယ္။ အဲ့ဒါေတြအျပင္ ခ်ီလီ၊ ဥ႐ုေဂြး၊ ပီ႐ူးနဲ႔ ဘရာဇီးႏိုင္ငံတို႔ကလည္း အကူအညီေပးသြားမွာ  ျဖစ္ၿပီး နာဆာ ရွာေဖြေရး ေလယာဥ္ေတြနဲ႔ ေရတပ္သံုး ေလယာဥ္ေတြကို အေမရိကန္က ကူညီထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပျောက်ဆုံး အာဂျင်တီးနား ရေငုပ်သင်္ဘောကို ရှာဖွေဖို့ နိုင်ငံတကာက အကူအညီပေးနေ

ပျောက်ဆုံးနေတဲ့ အာဂျင်တီးနား ရေငုပ်သင်္ဘောကို ရှာဖွေဖို့ ဗြိတိန်တော်ဝင်ရေတပ်က ဝင်ရိုးစွန်းရှာဖွေရေး သင်္ဘောတစ်စီး ပို့ဆောင်ပေးလိုက်ပြီး ရှာဖွေမှုတွေ ဆက်လုပ်နေပါတယ်။

အဲ့ဒီပျောက်ဆုံး ရေငုပ်သင်္ဘောပေါ်မှာ ရေတပ်သား ၄၄ ဦး ပါရှိပြီး ကမ်းရိုးတမ်းကနေ မိုင်ပေါင်း ၂၅၀ အကွာ အတ္တလန်တစ် သမုဒ္ဒရာတောင်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့တာပါ။

ရေငုပ်သင်္ဘောမှာ အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားရဲ့ ပထမဆုံး အမျိုးသမီး ရေတပ်အရာရှိ အယ်လီယာနာ ကရော်ဇစ် ဆိုသူလည်း ပါရှိပါတယ်။ အဲ့ဒီ ရေငုပ်သင်္ဘောဟာ ရာသီဥတုဆိုးရွားမှု ဒဏ်ကြောင့် ပျောက်ဆုံးနေတာလို့ ယူဆထားကြပါတယ်။

ရှာဖွေမှုမှာ စန်တိုရီကို အခြေစိုက် အမေရိကန် ရေအောက်ရှာဖွေ ကယ်ဆယ်ရေး ရေတပ်ဖွဲ့တွေလည်း ပါဝင်ပါတယ်။ အဲ့ဒါတွေအပြင် ချီလီ၊ ဥရုဂွေး၊ ပီရူးနဲ့ ဘရာဇီးနိုင်ငံတို့ကလည်း အကူအညီပေးသွားမှာ ဖြစ်ပြီး နာဆာ ရှာဖွေရေး လေယာဉ်တွေနဲ့ ရေတပ်သုံး လေယာဉ်တွေကို အမေရိကန်က ကူညီထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)