အဂၤလန္က ဇနီးေမာင္ႏွံ အိမ္ေထာင္သက္ ႏွစ္ ၆၀ ေက်ာ္ သက္တမ္းရွိ အိမ္သံုး ပစၥည္းေတြ ျပန္ေရာင္း

0
273

အဂၤလန္ႏိုင္ငံ၊ အေနာက္ေတာင္ပုိင္း ေဒဗြန္ၿမိဳ႕မွာ ေနထုိင္ၾကတဲ့ အသက္  ၈၃ ႏွစ္အရြယ္ ဆစ္ဒနီနဲ႔ အသက္ ၈၁ ႏွစ္အရြယ္ ေရခ်ယ္ ေဆာင္းဒါးတို႔ဟာ အိမ္ေထာင္သက္တမ္း ၆၁ ႏွစ္ၾကာ သံုးစြဲခဲ့တဲ့ အိမ္သံုးပစၥည္းေတြကို ျပန္ေရာင္းခ်ဖို႔ ျပင္ဆင္ေနပါတယ္။

သူတို႔ ႏွစ္ဦးဟာ အိမ္ေထာင္သံုး ပစၥည္းေတြျဖစ္တဲ့ အဝတ္အေျခာက္ခံစက္၊ ဘြိဳင္လာ၊ လ်ွပ္စစ္မီးဖိုနဲ႔ အဝတ္ေလ်ွာ္စက္ေတြကို ၁၉၅၆ ခုႏွစ္က ၁၄၅  ေပါင္နဲ႔ ဝယ္ယူအသံုးျပဳခဲ့တာ ျဖစ္ပါတယ္။

အဝတ္ေလ်ွာ္စက္ကိုေတာ့ သူတို႔ မဂၤလာေဆာင္တဲ့အမွတ္တရ ေန႔ရက္အျဖစ္ ေပါင္ ၆၀ နဲ႔ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။  

မီးဖိုကိုေတာ့ ေနာက္ဆံုးအေနနဲ႔ လြန္ခဲ့တဲ့ ၂၈ ခုႏွစ္က အသံုးျပဳခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ ပစၥည္းေတြကုိ ေရွးေဟာင္းပစၥည္းကို တန္ဖိုးထား ထိန္သိမ္းသူေတြ လက္ထဲ ဒါမွမဟုတ္ ေနာက္မ်ိဳးဆက္သစ္ေတြ ျမင္ေတြ႔ႏုိင္ဖုိ႔ ျပတုိက္လုိ ေနရာမ်ိဳးေတြကို ေရာက္ရွိဖို႔ အလိုရွိေနၾကတာပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်္ဂလန်က ဇနီးမောင်နှံ အိမ်ထောင်သက် နှစ် ၆၀ ကျော် သက်တမ်းရှိ အိမ်သုံး ပစ္စည်းတွေ ပြန်ရောင်း

အင်္ဂလန်နိုင်ငံ၊ အနောက်တောင်ပိုင်း ဒေဗွန်မြို့မှာ နေထိုင်ကြတဲ့ အသက် ၈၃ နှစ်အရွယ် ဆစ်ဒနီနဲ့ အသက် ၈၁ နှစ်အရွယ် ရေချယ် ဆောင်းဒါးတို့ဟာ အိမ်ထောင်သက်တမ်း ၆၁ နှစ်ကြာ သုံးစွဲခဲ့တဲ့ အိမ်သုံးပစ္စည်းတွေကို ပြန်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

သူတို့ နှစ်ဦးဟာ အိမ်ထောင်သုံး ပစ္စည်းတွေဖြစ်တဲ့ အဝတ်အခြောက်ခံစက်၊ ဘွိုင်လာ၊ လျှပ်စစ်မီးဖိုနဲ့ အဝတ်လျှော်စက်တွေကို ၁၉၅၆ ခုနှစ်က ၁၄၅ ပေါင်နဲ့ ဝယ်ယူအသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အဝတ်လျှော်စက်ကိုတော့ သူတို့ မင်္ဂလာဆောင်တဲ့အမှတ်တရ နေ့ရက်အဖြစ် ပေါင် ၆၀ နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

မီးဖိုကိုတော့ နောက်ဆုံးအနေနဲ့ လွန်ခဲ့တဲ့ ၂၈ ခုနှစ်က အသုံးပြုခဲ့တာဖြစ်ပြီး သူတို့ရဲ့ ပစ္စည်းတွေကို ရှေးဟောင်းပစ္စည်းကို တန်ဖိုးထား ထိန်သိမ်းသူတွေ လက်ထဲ ဒါမှမဟုတ် နောက်မျိုးဆက်သစ်တွေ မြင်တွေ့နိုင်ဖို့ ပြတိုက်လို နေရာမျိုးတွေကို ရောက်ရှိဖို့ အလိုရှိနေကြတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)