ဂ်ာနယ္လစ္ေတြကို သူလွ်ိဳမႈနဲ႔ ကေမာၻဒီးယား တရား႐ံုး အေရးယူ

0
340

အေမရိကန္က ေထာက္ပံ့မႈနဲ႔ လည္ပတ္ေနတဲ့ RFA ေရဒီယိုအစီအစဥ္က ဂ်ာနယ္လစ္ ႏွစ္ဦးကို သူလွ်ိဳမႈနဲ႔ ကေမာၻဒီးယား တရား႐ံုးက အမိန္႔ခ်မွတ္လိုက္ၿပီး ေဒသခံ ဂ်ာနယ္လစ္ေတြက ျပန္လႊတ္ေပးဖို႔ အိတ္ဖြင့္စာ ေပးပို႔ ေတာင္းဆိုထားပါတယ္။

ေရဒီယို အသံလႊင့္ခန္းမွာ အသံလႊင့္ပစၥည္းေတြဟာ အစိုးရ ခြင့္ျပဳခ်က္ မရွိဘူးဆိုၿပီး အူယြန္ခ်င္း နဲ႔ ရယ္အန္ ဆိုသီရင္တို႔ကို ႏိုဝင္ဘာ ၁၄ ရက္ေန႔မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ RFA ကို ေပးပို႔မယ့္ သတင္းကို အေၾကာင္းျပဳၿပီး သူတို႔ ႏွစ္ဦးကို ႏိုင္ငံေတာ္ ကာကြယ္ေရးကို အဖ်က္အေမွာက္ျဖစ္ေစတဲ့ သတင္းအခ်က္အလက္ေတြ ျပည္ပကို ေပးတယ္ဆိုၿပီး သူလွ်ိဳမႈနဲ႔ စြပ္စြဲခဲ့တာ ျဖစ္ပါတယ္။

ျပစ္မႈေျမာက္တယ္လို႔ ဆံုးျဖတ္ရင္ ေထာင္ဒဏ္ ၁၅ ႏွစ္အထိ က်ႏိုင္တဲ့ စြပ္စြဲခ်က္ ျဖစ္ပါတယ္။ ကေမာၻဒီးယားမွာ ႏွစ္ ၂၀ ၾကာ အသံလႊင့္ခဲ့တဲ့ RFA ဟာ ကေမာၻဒီးယား အစိုးရရဲ႕ ဖိႏွိပ္မႈေတြေၾကာင့္ ဖႏြမ္ပင္က သူတို႔႐ံုးခြဲကို ၿပီးခဲ့တဲ့ စက္တင္ဘာမွာ ပိတ္ခဲ့ရပါတယ္။ ႐ံုးပိတ္လိုက္ေပမယ့္ ဒီသတင္းေထာက္ ႏွစ္ဦးက RFA ကို သတင္းေတြ ဆက္ၿပီး ေပးပို႔ေနခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျာနယ်လစ်တွေကို သူလျှိုမှုနဲ့ ကမ္ဘောဒီးယား တရားရုံး အရေးယူ

အမေရိကန်က ထောက်ပံ့မှုနဲ့ လည်ပတ်နေတဲ့ RFA ရေဒီယိုအစီအစဉ်က ဂျာနယ်လစ် နှစ်ဦးကို သူလျှိုမှုနဲ့ ကမ္ဘောဒီးယား တရားရုံးက အမိန့်ချမှတ်လိုက်ပြီး ဒေသခံ ဂျာနယ်လစ်တွေက ပြန်လွှတ်ပေးဖို့ အိတ်ဖွင့်စာ ပေးပို့ တောင်းဆိုထားပါတယ်။

ရေဒီယို အသံလွှင့်ခန်းမှာ အသံလွှင့်ပစ္စည်းတွေဟာ အစိုးရ ခွင့်ပြုချက် မရှိဘူးဆိုပြီး အူယွန်ချင်း နဲ့ ရယ်အန် ဆိုသီရင်တို့ကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ RFA ကို ပေးပို့မယ့် သတင်းကို အကြောင်းပြုပြီး သူတို့ နှစ်ဦးကို နိုင်ငံတော် ကာကွယ်ရေးကို အဖျက်အမှောက်ဖြစ်စေတဲ့ သတင်းအချက်အလက်တွေ ပြည်ပကို ပေးတယ်ဆိုပြီး သူလျှိုမှုနဲ့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုမြောက်တယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျနိုင်တဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။ ကမ္ဘောဒီးယားမှာ နှစ် ၂၀ ကြာ အသံလွှင့်ခဲ့တဲ့ RFA ဟာ ကမ္ဘောဒီးယား အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် ဖနွမ်ပင်က သူတို့ရုံးခွဲကို ပြီးခဲ့တဲ့ စက်တင်ဘာမှာ ပိတ်ခဲ့ရပါတယ်။ ရုံးပိတ်လိုက်ပေမယ့် ဒီသတင်းထောက် နှစ်ဦးက RFA ကို သတင်းတွေ ဆက်ပြီး ပေးပို့နေခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)