၁၉ ဦးေသတဲ့ တိုက္ခန္းတြဲ မီးေလာင္မႈျဖစ္ၿပီးေနာက္ တိုက္တာေတြ လံုၿခံဳေရး စစ္ေဆးခိုင္း

0
298

တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းမွာ တိုက္ခန္းတြဲ မီးေလာင္ကာ ၁၉ ဦး ေသဆံုးၿပီး ရွစ္ဦး ဒဏ္ရာရၿပီးေနာက္ အာဏာပိုင္ေတြက ၿမိဳ႕ေတာ္တခြင္ အေဆာက္အအံုေတြ မီးေဘး လံုၿခံဳေရး စစ္ေဆးၾကဖို႔ ညႊန္ၾကားလိုက္ပါတယ္။

ႏိုဝင္ဘာ ၁၈ ရက္ေန႔ ေဘဂ်င္းေတာင္ပိုင္း၊ ဒါဇင္း ဒိစႀတိတ္မွာ သံုးထပ္ လူေနတိုက္ခန္းတြဲ မီးေလာင္ခဲ့တာျဖစ္ၿပီး မီးေလာင္ရတဲ့ အေၾကာင္းရင္းကို စံုစမ္းစစ္ေဆးဆဲျဖစ္ၿပီး ေလာေလာဆယ္ေတာ့ အေရးယူမႈ မရွိေသးပါဘူး။

ကနဦးစစ္ေဆးခ်က္အရ ေအာက္ဆံုးထပ္က ေရခဲေသတၱာနားက မီးစေလာင္တာ ေတြ႔ရၿပီး အဲဒါ အေၾကာင္းရင္း ျဖစ္ႏို္ငေျခရွိတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

ဒီမီးေလာင္မႈ ျဖစ္ပြားၿပီးေနာက္ ေဘဂ်င္းၿမိဳ႕ေတာ္ေရာ ၿမိဳ႕ျပင္ရွိ ရြာေတြပါမက်န္ မီးေဘးလံုၿခံဳေရး စစ္ေဆးၾကဖို႔ ေဘဂ်င္း ကြန္ျမဴနစ္ပါတီက ညႊန္ၾကားလိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၁၉ ဦးသေတဲ့ တိုက်ခန်းတွဲ မီးလောင်မှုဖြစ်ပြီးနောက် တိုက်တာတွေ လုံခြုံရေး စစ်ဆေးခိုင်း

တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ တိုက်ခန်းတွဲ မီးလောင်ကာ ၁၉ ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရပြီးနောက် အာဏာပိုင်တွေက မြို့တော်တခွင် အဆောက်အအုံတွေ မီးဘေး လုံခြုံရေး စစ်ဆေးကြဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ ဘေဂျင်းတောင်ပိုင်း၊ ဒါဇင်း ဒိစတြိတ်မှာ သုံးထပ် လူနေတိုက်ခန်းတွဲ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး လောလောဆယ်တော့ အရေးယူမှု မရှိသေးပါဘူး။

ကနဦးစစ်ဆေးချက်အရ အောက်ဆုံးထပ်က ရေခဲသေတ္တာနားက မီးစလောင်တာ တွေ့ရပြီး အဲဒါ အကြောင်းရင်း ဖြစ်နိ်ုငခြေရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒီမီးလောင်မှု ဖြစ်ပွားပြီးနောက် ဘေဂျင်းမြို့တော်ရော မြို့ပြင်ရှိ ရွာတွေပါမကျန် မီးဘေးလုံခြုံရေး စစ်ဆေးကြဖို့ ဘေဂျင်း ကွန်မြူနစ်ပါတီက ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)