နယ္ျခားေစာင့္ရဲ အသတ္ခံရၿပီးေနာက္ သမၼတ ထရမ့္ မကၠဆီကို စည္း႐ုိးကာေရး အစီအစဥ္ ထပ္ေျပာ

0
259

အေမရိကန္၊ တကၠဆက္ ျပည္နယ္မွာ ႏိုဝင္ဘာ ၁၉ ရက္ေန႔က ကင္းလွည့္ေနတဲ့ နယ္ျခားေစာင့္ရဲ တစ္ဦး အသတ္ခံရၿပီး တစ္ဦး ဒဏ္ရာရခဲ့တဲ့အတြက္ မကၠဆီကိုနယ္စပ္ စည္း႐ိုးကာေရး အစီအစဥ္ကို သမၼတ ေဒၚနယ္ ထရမ့္က ထပ္ၿပီး ေျပာဆိုလာပါတယ္။

ရဲအရာရွိ ႐ိုဂီလီယို မာတီနက္နဲ႔ တျခားတစ္ဦးတို႔ ကင္းလွည့္ေနစဥ္ ပစ္ခတ္ခံခဲ့ရတာ ျဖစ္ပါတယ္။ ေတာင္ပိုင္းနယ္စပ္မွာ ကင္းလွည့္အရာရွိတစ္ဦး အသတ္ခံရၿပီး တစ္ဦး ျပင္းထန္စြာ ဒဏ္ရာရတယ္၊ ဥပေဒအရ အေရးယူရမယ္၊ နယ္စပ္မွာ တံတိုင္းကာတာကို လုပ္ကို လုပ္ရမယ္လို႔ သမၼတ ထရမ့္က တြစ္တာ လူမႈကြန္ရက္မွာ ေရးခဲ့ပါတယ္။

နယ္ျခားေစာင့္တပ္ဖြဲ႔ ေျပာခြင့္ရသူ ကားလို႔စ္ ဒိုင္းယက္စ္က သူတို႔အေနနဲ႔ အခင္းျဖစ္ပြားမႈ အေသးစိတ္ကို မသိရေၾကာင္းနဲ႔ မ်က္ျမင္သက္ေသ ရွိဖို႔ ခက္ခဲေၾကာင္း ေျပာပါတယ္။ ဒီကိစၥကို FBI က လႊဲေျပာင္း စံုစမ္းစစ္ေဆးမယ္လို႔လည္း သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်ခြားစောင့်ရဲ အသတ်ခံရပြီးနောက် သမ္မတ ထရမ့် မက္ကဆီကို စည်းရိုးကာရေး အစီအစဉ် ထပ်ပြော

အမေရိကန်၊ တက္ကဆက် ပြည်နယ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့က ကင်းလှည့်နေတဲ့ နယ်ခြားစောင့်ရဲ တစ်ဦး အသတ်ခံရပြီး တစ်ဦး ဒဏ်ရာရခဲ့တဲ့အတွက် မက္ကဆီကိုနယ်စပ် စည်းရိုးကာရေး အစီအစဉ်ကို သမ္မတ ဒေါ်နယ် ထရမ့်က ထပ်ပြီး ပြောဆိုလာပါတယ်။

ရဲအရာရှိ ရိုဂီလီယို မာတီနက်နဲ့ တခြားတစ်ဦးတို့ ကင်းလှည့်နေစဉ် ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တောင်ပိုင်းနယ်စပ်မှာ ကင်းလှည့်အရာရှိတစ်ဦး အသတ်ခံရပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရတယ်၊ ဥပဒေအရ အရေးယူရမယ်၊ နယ်စပ်မှာ တံတိုင်းကာတာကို လုပ်ကို လုပ်ရမယ်လို့ သမ္မတ ထရမ့်က တွစ်တာ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ ပြောခွင့်ရသူ ကားလို့စ် ဒိုင်းယက်စ်က သူတို့အနေနဲ့ အခင်းဖြစ်ပွားမှု အသေးစိတ်ကို မသိရကြောင်းနဲ့ မျက်မြင်သက်သေ ရှိဖို့ ခက်ခဲကြောင်း ပြောပါတယ်။ ဒီကိစ္စကို FBI က လွှဲပြောင်း စုံစမ်းစစ်ဆေးမယ်လို့လည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)