မကၠဆီကိုနယ္စပ္ေဒသကို ရဲတပ္ဖြဲ႔၀င္ ရာခ်ီ ေစလႊတ္

0
924

အေမရိက အလယ္ပိုင္းမွ လူအစုလုိက္အၿပဳံလုိက္ဟာ ဂြာတီ မာလာႏုိင္ငံမွ မကၠဆီကို နယ္စပ္ဆီကို ဦးတည္ လာေနတာေၾကာင့္ မကၠကိုအစိုးရဟာ ေတာင္ပိုင္းနယ္စပ္ေဒသဆီ ရဲတပ္ဖြဲ႔၀င္ ရာခ်ီ ေစလႊတ္ခဲ့ရပါတယ္။


အေမရိကအလယ္ပိုင္းေဒသမွ ေရႊ႕ေျပာင္းသြားလာသူေတြေၾကာင့္ မကၠဆီကိုနယ္စပ္ေဒသကို ပိတ္ပစ္မယ္လုိ႔ အေမရိကန္သမၼတ ထရမ့္က ၿခိမ္းေျခာက္ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ မကၠဆီကိုႏုိင္ငံဟာ ဂြာတီမာလာ-မကၠဆီကို နယ္စပ္ေဒသဆီ တပ္ဖြဲ႕ဝင္ ရာခ်ီ ေစလႊတ္ခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္သမၼတ ထရမ့္က ေရႊ႕ေျပာင္းသြားလာသူေတြ အစုလိုက္အၿပဳံလုိက္ သြားလာေနမႈေတြေၾကာင့္ ျဖတ္သန္းခြင့္ေပးတဲ့ႏုိင္ငံေတြကို အကူညီေပးမႈ ျဖတ္ေတာက္မယ္လုိ႔ ဆုိခဲ့ပါတယ္။ ဟြန္ဒူးရက္စ္နဲ႔ ဂြာတီမာလာႏုိင္ငံတုိ႔မွ လူေထာင္ခ်ီဟာ အၾကမ္းဖက္မႈ ျပႆနာအျပင္ ဆင္းရဲမႈေတြေၾကာင့္ အစုလုိက္ အၿပဳံလုိက္ ေရႊ႕ေျပာင္းသြားလာေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကိုနယ်စပ်ဒေသကို ရဲတပ်ဖွဲ့ဝင် ရာချီ စေလွှတ်

အမေရိက အလယ်ပိုင်းမှ လူအစုလိုက်အပြုံလိုက်ဟာ ဂွာတီ မာလာနိုင်ငံမှ မက္ကဆီကို နယ်စပ်ဆီကို ဦးတည် လာနေတာကြောင့် မက္ကကို အစိုးရဟာ တောင်ပိုင်းနယ်စပ်ဒေသဆီ ရဲတပ်ဖွဲ့ဝင် ရာချီ စေလွှတ်ခဲ့ရပါတယ်။

အမေရိကအလယ်ပိုင်းဒေသမှ ရွှေ့ပြောင်းသွားလာသူတွေကြောင့် မက္ကဆီကိုနယ်စပ်ဒေသကို ပိတ်ပစ်မယ်လို့ အမေရိကန်သမ္မတ ထရမ့်က ခြိမ်းခြောက်ပြီးနောက် ရက်ပိုင်းအကြာမှာပဲ မက္ကဆီကိုနိုင်ငံဟာ ဂွာတီမာလာ-မက္ကဆီကို နယ်စပ်ဒေသဆီ တပ်ဖွဲ့ဝင် ရာချီ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရမ့်က ရွှေ့ပြောင်းသွားလာသူတွေ အစုလိုက်အပြုံလိုက် သွားလာနေမှုတွေကြောင့် ဖြတ်သန်းခွင့်ပေးတဲ့နိုင်ငံတွေကို အကူညီပေးမှု ဖြတ်တောက်မယ်လို့ ဆိုခဲ့ပါတယ်။ ဟွန်ဒူးရက်စ်နဲ့ ဂွာတီမာလာနိုင်ငံတို့မှ လူထောင်ချီဟာ အကြမ်းဖက်မှု ပြဿနာအပြင် ဆင်းရဲမှုတွေကြောင့် အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းသွားလာနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)