
0
151




>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှား ပီနန် ဆောက်လုပ်ရေး လုပ်ငန်းခွင် မြေပြိုမှုဖြစ် ၃ ဦးသေ

မလေးရှားနိုင်ငံ ပီနန်မြို့မှာ မြေပြိုမှုတွေဖြစ်ခဲ့လို့ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ၁၀ ဦးဟာ အပျက်စီးအပိုင်းတွေကြား ပိတ်မိနေဆဲ ဖြစ်ပါတယ်။ ပီနန်မြို့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အောက်တိုဘာ ၁၉ ရက်နေ့က မြေပြိုမှု ဖြစ်ခဲ့တာပါ။

ပီယာ တီရူဘောင်မြို့ရှိ ဂျလန် ဘူကစ် ကူကပ် မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တံတားဆောက်လုပ်ချိန်မှာ မြေပြိုကျခဲ့ပြီး မြေပြိုမှုတွေကြား ပိတ်မိနေတဲ့သူဦးရေ ထပ်မံ မြင့်တက်နိုင်ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

မိုးရွာသွန်းမှုမရှိဘဲ မြေပြိုခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ အောက်ခြေနားကို ရေတွေ ဝင်ရောက်ခဲ့ရာကနေ တဆင့် မြေပြိုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)