
0
883




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပီအက်ဂျီတိုက်စစ်မှူး နေမာကို ပြန်ခေါ်မှာမဟုတ်လို့ ဘာစိလိုနာ ပြော

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးဟောင်း နေမာကို ပြန်လည်ခေါ်ယူဖို့ အစီစဉ်မရှိကြောင်း ပြောလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပီအက်ဂျီအသင်းမှာကစားနေတဲ့ နေမာကို ပြန်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဘာစီလိုနာက အခုလိုမျိုး ပြောခဲ့တာပါ။ ဘာစီလိုနာ ဒုတိယ ဥက္ကဋ္ဌ ကာဒိုနာက အသင်းဟာ နေမာကို ပြန်ခေါ်ဖို့ ချဉ်းကပ်မှုမရှိကြောင်း ပြောပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းမှ ပီအက်ဂျီဆီ ပြောင်းရွှေ့သွားခဲ့ပြီးနောက် ဘာစီလိုနာ၊ ရီးရဲမက်ဒရစ်တို့က စပိန်မြေဆီ ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)